၄ ဒသမ ၈ အဆင့်ရှိ မြေငလျင် လှုပ်ရှား

၂၉ နိုဝင်ဘာ

 

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၀)နာရီ (၂၇)မိနစ် (၃၇)စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် မိုင်(၅၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အနောက်တောင်ဘက် (၁၆) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၅၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၂၂) ဒီဂရီ၊ ဗဟိုချက်အနက် (၅၆)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄ ဒသမ ၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

Share this on Social Media