ပြည်သူများ ငှက်ဖျားရောဂါကာကွယ်နိုင်ရန် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ

မိုင်းယု  ၅   ဒီဇင်ဘာ 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့ရှိ ကျေးရွာအုပ်စုများနှင့် ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ နေရာများတွင် ပြည်သူများ ငှက်ဖျားရောဂါကာကွယ်နိုင်ရန်အတွက် ကျေးလက်ကျန်းမာရေးဌာနမှ တာရှည်ခံ ဆေးစိမ်ခြင်ထောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ဒီဇင်ဘာ ၄ ရက်က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

ဝမ်တာကြန့်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများက မြို့မရပ်ကွက်အုပ်စု၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်းဒွန်းနွဲ့ ကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာများနှင့် ရွေ့ပြောင်းလုပ်သားအိမ်ထောင်စုများ နေထိုင်ရာအရပ်သို့ သွားရောက်ကာ ဆေးစိမ်ခြင်ထောင်များ အသုံးပြုနည်း၊ ငှက်ဖျားအန္တရာယ်အကြောင်းတို့ကို ရှင်းလင်း ဟောပြောခြင်းနှင့် ဆေးစိမ်ခြင်ထောင် ၆၀၇ လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)

 

Share this on Social Media