အစ္စရေးနိုင်ငံ မြောက်ပိုင်းဒေသအား သိမ်းပိုက်ရန် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများက နယ်စပ်တွင် ဥမင်လှိုဏ်ခေါင်း တူးဖော်ထားကြောင်း ဘင်ဂျမင် နေတန်ယာဟု ပြော

ဂျေရုစလင် ၅ ဒီဇင်ဘာ 

 

လဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်ရန် နယ်စပ်ဖြတ်ကျော်ပြီး ဥမင်လှိုဏ်ခေါင်း တူးဖော်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ 

 

 

ပြီးခဲ့သည့် အင်္ဂါနေ့ အစောပိုင်းက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် လဘနွန်နိုင်ငံတောင်ပိုင်းကနေ အစ္စရေးနိုင်ငံမြောက်ပိုင်းကို နယ်စပ်ဖြတ်ကျော်ဖောက်လုပ်သည့် ဟစ်ဇ်ဘိုလာ  စစ်သွေးကြွများ၏  ဥမင်လှိုဏ်ခေါင်းများကို ဖော်ထုတ်ဖျက်ဆီးခဲ့ပြီးနောက် ယခုလို ထုတ်ဖော် ပြောကြားလိုက်ခြင်းဖြစ်သည်။

 

ဟစ်ဇ်ဘိုလာတို့သည် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ ဂယ်လ်လီ ဒေသကို သိမ်းပိုက်ရန် တိုက်ခိုက်ရေးသမားများကို အစ္စရေးနိုင်ငံအတွင်း စေလွှတ်နိုင်ရေး လိုဏ်ခေါင်းများကို တူးဖော်ထားခြင်းဖြစ်ကြောင်း တယ်လဘီမြို့ရှိ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှာ ဝန်ကြီးချူပ် ဘင်ဂျမင်နေတန်ယာဟု သည် (IDF) စစ်ဦးစီးချုပ် ဂါဒီအိုင်စန် ကော့တ်  နှင့်အတူ ရှိ နေစဉ် ရုပ်သံမီဒီယာတွင် အခုလို ပြောကြားလိုက်တာဖြစ်သည်။ 

 

 

အဆိုပါ ဟစ်ဇ်ဘိုလာစစ်သွေးကြွများကို အီရန်က ကျောထောက်နောက်ခံပြုထားပြီး တိုက်ခိုက်ရေး ဥမင်လှိုဏ်ခေါင်းများ တူးဖော်ထားမှုသည် ဒေသတွင်းနှင့် နိုင်ငံတကာကို ခြိမ်းခြောက်နေသည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။ 

 

ဥမင်လှိုဏ်ခေါင်းသည် မီတာ ၂၀ဝလောက် ရှည်လျားပြီး အစ္စရေးနိုင်ငံအတွင်း မီတာ ၄၀ ထိ တူးဖော်ထားကြောင်း သိရသည်။

 

 

(IDF) စစ်ဦးစီးချုပ် ဂါဒီအိုင်စန် ကော့တ် ၏ ပြောကြားချက်အရ အစ္စရေးနိုင်ငံနှင့် လဘနွန်နိုင်ငံကြားက အဆိုပါ ဥမင်လှိုဏ်ခေါင်းများကို ရှာဖွေဖော်ထုတ်ပြီး ပိတ်ဆို့ဖျက်ဆီးရန် "Northern Shield" အမည်ရှိ စစ်ဆင်ရေးဖြင့် ရက်သတ္တပတ်အတော်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ ဥမင်လှိုဏ်ခေါင်းများကို ရှာဖွေဖျက်ဆီးရန် အစ္စရေးလွှတ်တော်မှာ အချိန်အတော်ယူပြီး ဆုံးဖြတ်ခဲ့ကြောင်း၊ ရရှိလာတဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ အစောပိုင်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ပြောပါသည်။

 

အစ္စရေးနိုင်ငံနှင့် ဟစ်ဇ်ဘိုလာတို့အကြား ၂၀ဝ၆ ခုနှစ်က တစ်လကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲကာ စစ်ပွဲကို အဆုံးသတ်ခဲ့သည်။

 

SMZaw (MDN)
Source> Xinhua

 

Share this on Social Media