ပျက်ကျ အမေရိကန် မရိန်းလေယာဉ် ရှာဖွေမှုဆက်လက်လုပ်ဆောင်

၆ ဒီဇင်ဘာ

 

အမေရိကန် စစ်တပ်ဖွဲ့ဝင် ၆ ဦးပါသော စစ်လေယာဉ်နှစ်စီး စစ်ရေးလေ့ကျင့်ပျံသန်း နေစဉ်  အချင်းချင်းတိုက်မိ ပြီး ယနေ့မနက်ပိုင်းတွင် ဂျပန်နိုင်ငံ အနောက်ပိုင်း ကမ်းလွန်၌ ပျက်ကျခဲ့ရာ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း  သိရသည်။

 

ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ က လေယာဉ်ပေါ် ပါရှိသူတစ်ဦးကို ကယ်ဆယ်ခဲ့ပြီး  ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ  အမေရိကန် အိုင်ဝါကူနီ လေဆိပ်၌ ကုသမှုခံယူနေပြီး စိတ်ချရသည့် အခြေအနေရှိကြောင်း  အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

 

အဆိုပါ အက်ဖ်အေ-၁၈ ဂျက်တိုက်လေယာဉ် နှင့် ကေစီ -၁၃၀ လောင်စာဆီဖြည့် လေယာဉ်သည် ဂျပန်နိုင်ငံမှ ၁၀၀ ကီလိုမီတာ ကျော် အဝေးတွင် ယနေ့မနက်စောပိုင်း က ပျက်ကျခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် လေ့ကျင့်ရေး မစ်ရှင် လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့ က  ယင်းလေယာဉ်ပျက်ကျမှုသည် ထိုနေရာရှိ လေယာဉ်များ လေကြောင်းသွားလာမှုကို ထိခိုက်မှု ရှိမရှိ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း ဆိုသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို

Share this on Social Media