လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်းခုနှစ်သန်း သေဆုံး

၆ ဒီဇင်ဘာ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းတွင် လေထုညစ်ညမ်းမှုကြောင့် လူပေါင်းခုနှစ်သန်း သေဆုံးခဲ့ကြောင်းနှင့် ကျန်းမာရေးနှင့် ရာသီဥတုပြောင်းလဲမှု အစီရင်ခံစာကို  ပိုလန်နိုင်ငံရှိ လက်ရှိကျင်းပနေသော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုညီလာခံနှင့် အချိန်ကိုက်  ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ အစီရင်ခံစာတွင် ကုလသမဂ္ဂကျန်းမာရေး အေဂျင်စီက ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာလောင်ကျွမ်းရာမှ လေထုညစ်ညမ်းမှုကြောင့်  ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ကင်ဆာ၊ လေဖြတ်ခြင်းနှင့် အခြားရောဂါများ ဖြစ်ပေါ်စေကြောင်းနှင့် တစ်ကမ္ဘာလုံး လူမှုဘဝဖူလုံရေး ကုန်ကျစရိတ် မှာ ဒေါ်လာ ၅ ဒသမ ၁ ထရီလီယံ ဖြစ်ကြောင်း သတင်းဖော်ပြထားသည်။

 

ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများ လောင်ကျွမ်းမှု လျှော့ချခဲ့လျှင် လေထုညစ်ညမ်းမှု သက်သာမည်ဖြစ်ပြီး  သက်ရှိများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ၎င်းအစီရင်ခံစာတွင် ထောက်ပြထားသည်။

 

 

ယင်းအစီရင်ခံစာတွင် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများ အသုံးပြုမှုလျှော့ချဖို့ နိုင်ငံပေါင်းစုံက အကြံပြုထားကြောင်း သိရသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို

 

Share this on Social Media