(၄၈)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ ကျင်းပပြီးစီး ရန်ကုန်တိုင်းအမျိုးသားအသင်းနှင့် မန္တလေးတိုင်းအမျိုးသမီးအသင်းတို့ ပထမတံခွန်စိုက် ဆုဖလားများ ဆွတ်ခူးရရှိ

မန္တလေး ၆ ဒီဇင်ဘာ

 

(၄၈)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး တတိယနေ့အဖြစ် မန္တလာသီရိ အားကစားကွင်း၌ အမျိုးသား ၁၅ ကီလိုမီတာ အသင်းလိုက်စံချိန်ပြု စက်ဘီးပြိုင်ပွဲ နှင့် အမျိုးသမီး ၉ ကီလိုမီတာ အသင်းလိုက်စံချိန်ပြု စက်ဘီးပြိုင်ပွဲတို့ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။ 

 

၁၅ ကီလိုမီတာ အသင်းလိုက်စံချိန်ပြုပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်း အသင်းက ၂၂.၄၀.၉၃ ဖြင့် ပထမ၊ မန္တလေးတိုင်းအသင်းက စံချိန်၂၃.၀၂.၂၈ဖြင့် ဒုတိယ၊ မကွေးတိုင်းအသင်းက ၂၃.၁၃.၄၅ဖြင့် တတိယရရှိကြပြီး အမျိုးသမီး ၉ ကီလိုမီတာ အသင်းလိုက် စံချိန်ပြုပြိုင်ပွဲတွင် အသင်း ၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြရာ မကွေးတိုင်းအသင်းက ၁၃.၅၃.၆၃ဖြင့် ပထမ၊ ကချင်ပြည်နယ်အသင်းက ၁၄.၁၁.၀၇ဖြင့် ဒုတိယနှင့် မန္တလေးတိုင်း အသင်းက၁၄.၁၁.၈၆ဖြင့် တတိယရရှိခဲ့ကြသည်။

 

 

ထို့နောက် ဆုချီးမြင့်ပွဲကိုဆက်လက်ကျင်းပရာ အမျိုးသမီးကီလိုမီတာ ၅၁ တာဝေးပြိုင်ပွဲ၊ မီတာ ၅၀၀ တစ်ဦးချင်း စံချိန်ပြုပြိုင်ပွဲ၊ ကီလိုမီတာ ၃၀၀၀ တစ်ဦးချင်းစံချိန်ပြု စက်ဘီးပြိုင်ပွဲ၊ ၉ ကီလိုမီတာ စံချိန်ပြုပြိုင်ပွဲတို့တွင် ဆုရရှိကြသောအသင်းများမှ အားကစားသမားများကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်မှ ဆုဖလားနှင့် ဆုငွေတု့ိနှင့်တာဝန်ရှိသူများက တစ်ဦးချင်းဆုများဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် အကောင်းဆုံးအားကစားသမားဆုရ ရန်ကုန်တိုင်းအသင်းမှ ညီညီအောင်နှင့် မန္တလေးတိုင်းအသင်းမှ မသမုဒယတို့ကို မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒု တိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းမှ ဆုငွေနှင့်ထူးချွန်ဆုများ ပေးအပ်ချီးမြင့်ပြီး အမျိုးသားပြိုင်ပွဲ မီတာ ၁၀၀၀၊ မီတာ ၃၀၀၀ တစ်ဦးချင်းစံချိန်ပြုပြိုပွဲ၊ မီတာ ၉၁ တာဝေးပြိုင်ပွဲနှင့် ၁၅ ကီလိုမီတာ အသင်းလိုက်စံချိန်ပြုပြိုင်ပွဲတို့၌ ဆုရအသင်းများမှ အားကစားသမားများကို အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်မှ ဆုဖလားများဆုငွေများ၊ နှင့်မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများကဆုငွေနှင့် ဆုတံဆိပ်များ အသီးသီးချီးမြင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

 

ပြိုင်ပွဲသို့ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝေဇင်၊ အားကာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်း၊ အတွင်းရေးမှူးဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ နှင့်အဖွဲ့ဝင်များ ပြိုင်ပွဲဝင်အသင်းများ အုပ်ချုပ်သူများ စက်ဘီးအားကစားမောင်မယ်များ၊ မန္တလေးမြို့မှ စက်ဘီးအသင်းနှင့် စက်ဘီးဝါသနာရှင်ပြည်သူမျာ းတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

 

တင်မောင် မန်းကိုယ်ပွား

 

Share this on Social Media