လက်ရှိ ဆူဇူကီးဖလားချန်ပီယံ ထိုင်းအသင်းကို အိမ်ကွင်းမှာ ဂိုးရလဒ်နဲ့ မလေးရှားအနိုင်ယူပြီး ဖိုင်နယ်တက်သွားပြီ

၆ ဒီဇင်ဘာ

 

၂၀၁၈ ဆူဇူကီး ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့ ပွဲမှာ မလေးရှားအသင်းက ထိုင်းအသင်းကို ဂိုးမရှိ သရေကျခဲ့ပေမယ့်  အဝေးကွင်းမှာ ထိုင်းအသင်းကို  ၂ -၂ ဂိုး၊  ဂိုးရလဒ်နဲ့ မလေးရှားအသင်း ဖိုင်နယ်တက်သွားပြီ ဖြစ်ပါတယ်။ 

 

 

ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ မလေးရှားက ထိုင်းကို ဂိုးမရှိသရေနဲ့  ပွဲစဉ်ပြီးဆုံးခဲ့ပါတယ်။ ဘန်ကောက်မှာ ကစားတဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ မိနစ် ၉၀ ပြည့်ပြီး ၅ မိနစ်မှာ ထိုင်းတိုက်စစ်မှူး ရဲ့ ပင်နယ်တီ လွဲချော်မှုကြောင့် ထိုင်းအသင်းက ၂ -၂ ဂိုးသရေ နဲ့ ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေးကို လက်လွတ် ဆုံးခဲ့ရပါတယ်။ 

 

 

ဒီဇင်ဘာ ၆ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံ ဟန္နိုင်းမြို့မှာ ကစားမယ့် ဖိလစ်ပိုင်နဲ့ ဗီယက်နမ်ပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ မလေးရှား ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  ဖိလစ်ပိုင်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ကစားသော ပထမအကျော့ ပွဲစဉ်မှာ  ဗီယက်နမ် အသင်းက ဖိလစ်ပိုင်အသင်းကို ၂ -၁ ဂိုးနဲ့ အနိုင်ယူပြီးဖြစ်ပါတယ်။ 

 

MDN
ကိုးကား-AFP

Share this on Social Media