မန္တလေးမြို့တွင် SME ချေးငွေလျှောက်ထားလိုသည့် လုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေးဆိုင်ရာ သင်တန်းဖွင့်လှစ်မည်

မန္တလေး ၆ ဒီဇင်ဘာ

 

မန္တလေးမြို့တွင် SME ချေးငွေလျှောက်ထားလိုသည့် လုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေးဆိုင်ရာ သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ သင်တန်းကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် Matrix Institute of Professionals တို့ ပူးပေါင်းကျင်းပကာ ၇၈ လမ်းနှင့် ရတနာပူရပြတိုက်လမ်းထောင့်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ  ၁၄ ရက်ထိ ၂ ရက်ကြာ  ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။

 

" သင်တန်းမှာ ချေးငွေရရှိနိုင်သည့် အခွင့်အလမ်းတွေ ချေးငွေကို ရယူနိုင်မယ့် အကြောင်းအရာတွေ ပို့ချမယ်။ ပြီးတော့ အဲ့ချေးငွေကို ဘယ်လိုစနစ်တကျ အသုံးချမယ် ဆိုတာတွေ၊ ချေးငွေနဲ့ပတ်သတ်ပြီး သိထားရမယ့် နည်းလမ်းတွေကို ပို့ချမှာပါ” လို့ အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

သင်တန်းတက်ရောက်လိုသူများအနေဖြင့် မှတ်ပုံတင်ကြေး ငွေကျပ် ၂၀,ဝဝဝ ပေးသွင်းရမည်ဖြစ်ပြီး သင်ကြားမည့် စာရွက်စာတမ်းများကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကာ နေ့လယ်စာနှင့် နေလယ်လက်ဖက်ရည်နှင့် သရေစာဆိုပြီး နှစ်ချိန်ခွဲပြီး ဧည့်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းအား စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် ဖုန်းဝ၉-၇၉၇၂၆၄၃၅၃နှင့် ဝ၉-၆၉၂၉၇၉၄၆၇ သို့ ဒီဇင်ဘာ ၂၀ရက် နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေး သွင်းနိုင်ကြောင်း သိရသည်။

 

သူရိန်လင်း

Share this on Social Media