အာရှ ယူ-၂၀ ဖူဆယ်ခြေစစ်ပွဲတွင် မြန်မာအသင်း ထပ်မံရှုံးနိမ့်

၆ ဒီဇင်ဘာ

 

၂၀၁၉ အာရှ ယူ-၂၀ ဖူဆယ်ခြေစစ်ပွဲ (အာဆီယံဇုန်) ဒုတိယနေ့ကို ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာအသင်းသည် အမှတ်ရရန် ကြိုးပမ်းသော်လည်း နှစ်ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၀ ဖူဆယ်အသင်းသည် ရှုံးပွဲဆက်ခဲ့သော်လည်း ကျဉ်းမြောင်းသည့်ရလဒ်ဖြင့်သာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ကျော်ဇေယျာလွင်က သွင်းယူသည်။ အခြားပွဲတွင် အိမ်ရှင်ထိုင်းအသင်းက မလေးရှားအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့သောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။ မြန်မာ ယူ-၂၀ ဖူဆယ်အသင်းသည် တတိယပွဲအဖြစ် ဒီဇင်ဘာ ၇ ရက်တွင် အိမ်ရှင်ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း

Share this on Social Media