လက်ရှိချန်ပီယံ မြဝတီအသင်း နိုင်ပွဲစတင်ရရှိ

၆ ဒီဇင်ဘာ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) တတိယနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်း နိုင်ပွဲစတင်ရရှိခဲ့သည်။

 

လက်ရှိချန်ပီယံ မြဝတီအသင်းသည် YREO အသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံမြဝတီအသင်းသည် နိုင်ပွဲစတင်ရရှိခဲ့သော်လည်း YREO အသင်း၏ မထင်မှတ်သည့်ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ မြဝတီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၁၇ မိနစ်တွင် ခိုင်သဇင်က သွင်းယူခဲ့သော်လည်း လက်ကျန်မိနစ်များတွင် ဂိုးထပ်ရအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။ YREO အသင်းသည် ပြီးခဲ့သည့်ရာသီထက် ကစားပုံ သိသိသာသာတိုးတက်လာပြီး မြဝတီကို ခြေရည်တူကစားနိုင်ခဲ့သည်။ 

 

ပွဲစဉ် (၁) နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၇ ရက်နေ့ ညနေ ၃ နာရီခွဲတွင် အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဇွဲကပင်အသင်းနှင့် အား/ကာသိပ္ပံအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း    

Share this on Social Media