သရက်ချောင်းမြို့နယ်ရှိ ထိန်းသိမ်းမှုအကောင်းဆုံး ဒီရေတောပုံ စုစည်းတင်ပြချက်

ထားဝယ်  ၆ ဒီဇင်ဘာ 

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကညင်ချောင်းကျေရွာတွင် ဒေသခံများက ထိန်းသိမ်းထားသည့် ဒေသခံအစုအဖွဲ့ပိုင် ဒီရေတောတစ်ခုရှိသည်။

 

 

အဆိုပါဒီရေတောသည် ဧက ၅၀၈ ဧကရှိပြီး ၁၉၇၀ ခုနှစ်က စတင်ကာ ကရင်အမျိုးသားအစည်းအရုံးအကူအညီဖြင့် သစ်ခုတ်ခြင်းများကို တားဆီးကာ ဒေသခံတွေက ထိန်းသိမ်းခဲ့သည့် ဒီရေတောဖြစ်သည်။ 

 

 

အစုအဖွဲ့ပိုင်ဒီရေတောအဖြစ် ဖေဖော်ဝါရီလ ၂၈ ရက် ၂၀၁၈ ခုနှစ်မှာ ခွင့်ပြုချက်ရရှိခဲ့သည်။ ကညင်ချောင်းကျေရွာရှိ ဒီရေတောတွင် ဗြူးခြေထောက်၊ ကျန၊ ပင်လယ်အုန်း၊ မိုးမခ၊ လမု၊ လမဲ့၊ သရော၊ မဓမ၊ သင်ပေါင်း စသည့်အပင်များ ထူထပ်စွာ ပေါက်ရောက်သည့်တောဖြစ်ပြီး သရက်ချောင်းမြို့နယ်တွင် အကောင်းဆုံးဒီရေတောဖြစ်သည်ဟု သိရသည်။ 

 

အိမို့မို့ခိုင်

 

 

 

 

 

 

 

 

 

Share this on Social Media