CNN သတင်းဌာနရုံးမှာ ဗုံးနဲ့ ခြိမ်းခြောက်တဲ့အတွက် လူတွေ ကယ်ထုတ်ခဲ့ပေမယ့် ပေါက်ကွဲစေတဲ့ပစ္စည်းမတွေ့ရှိ

၇ ဒီဇင်ဘာ

 

နယူးယောက်ရှိ CNN သတင်းဌာနရုံးမှာ ဒေသစံတော်ချိန် ကြာသပတေးညပိုင်းက ဗုံးနဲ့ ခြိမ်းခြောက်တဲ့အတွက် လူတွေ ကယ်ထုတ်ခဲ့ပေမယ့် ပေါက်ကွဲစေတဲ့ ပစ္စည်းမတွေ့ရှိကြောင်း ရဲတွေက အားလုံးကို ရှင်းလင်းပြီးပြီဖြစ်ကြောင်း သိရပါတယ်။ 

 

 

ပြီးခဲ့တဲ့ အောက်တိုဘာလက နယူးယောက်ရှိ CNN သတင်းဌာနချုပ်ရုံးမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်ခု တွေ့ရှိခဲ့ပြီးနောက် ကြာသပတေးနေ့က ခြိမ်းခြောက်မှုမှာ မိနစ် ၉၀ လောက် လူတွေရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ 

 

ဒေသစံတော်ချိန် ည ၁၀ နာရီခွဲလောက်မှာ သတင်းခန်းမကနေ မီးသတိပေး အချက်ပေး ခေါင်းသံမြည်လာတဲ့ အတွက် လူတွေကယ်ထုတ်ပြီး တိုက်ရိုက်လွှင့်ထုတ်နေတာကို ရပ်တန့်ပြီး ဝက်ဆိုဒ်မှာ အရင်ကရိုက်ကူးထားတဲ့ အစီစဉ်ကို ထုတ်လွှင့်ခဲ့ပါတယ်။ 

 

 

တစ်နာရီလောက်အကြာမှာ CNN က Skype ကနေ သူတို့ဘာကြောင့် Skype ကနေ ပရိတ်သတ်ကို ဆက်သွယ်ရသလဲ ဆိုတဲ့အကြောင်းကို ရှင်းပြပါတယ်။ သူတို့မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ရှိခြင်းနှင့်  ဗုံးနဲ့ ခြိမ်းခြောက်ခံရခြင်းတို့ကြောင့်  တိုက်ရိုက်အစီအစဉ်အစား အရင်ကရိုက်ကူးထားတဲ့ အစီစဉ်ကို ထုတ်လွှင့်ကြောင်း ပြောပါတယ်။ 

 

CNN သတင်းဌာန အပါအဝင် သမ္မတဒေါ်နယ်ထရန့်ကို ဆန့်ကျင်တဲ့ သူတွေဆီကို ဗုံးပို့မယ်လို့ ဆိုထားပါတယ်။ ဖရော်ရေဒါမှာနေထိုင်တဲ့ စီဆာ ဆာနော့ အမည်ရှိ အမျိုးသားတစ်ဦးကို ဗုံးတွေပို့တဲ့သူလို့ ယူဆတဲ့အတွက် ဖမ်းဆီးထားပါတယ်။ ပြစ်မှုကျူးလွန်ရင် ထောင်ဒဏ်တစ်သက် ကျခံနိုင်ဖွယ်ရှိနေပါတယ်။ 

 

 

MDN
ကိုးကား- AFP

Share this on Social Media