ရုရှားနိုင်ငံ၏ ဥပဒေအရ တားမြစ်ထားသည့် အချက်အလက်ကို ချိုးဖောက်သည့်အတွက် Google အား ဒဏ်ငွေချမှတ်

မော်စကို ၁၂ ဒီဇင်ဘာ

 

ရုရှားနိုင်ငံဥပဒေအရ ရှာဖွေခွင့် တားမြစ်ထားသည့် သတင်းအချက်အလက်များကို ဖယ်ရှားပေးရန် ပျက်ကွက်မှုဖြင့် Google အား ဒဏ်ရိုက်လိုက်ကြောင်း ရုရှားနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း စောင့်ကြည့်အဖွဲ့ Roskomnadzor ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

အမေရိကန် ဒေါ်လာ ၇၅၀၀ နှင့်ညီမျှသည့် ရူဘယ် ၅၀၀၀၀၀ အား အနိမ့်ဆုံး ဒဏ်ကြေးအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ Google အနေဖြင့် ရုရှားနိုင်ငံက ဥပဒေအရ တားမြစ်ပိတ်ပင်ထားသည့် အင်တာနက်စာမျက်နှာများကို စာရင်းပြုစုထားသည့် ဖက်ဒရယ် သတင်းအချက်အလက်စနစ်နှင့် ချိတ်ဆက်လုပ်ဆောင်ရန် စောင့်ကြည့်ရေးအဖွဲ့ ထပ်တလဲလဲ ပြောဆိုခဲ့ပါသည်။ 

 

Google ဘက်က ဒဏ်ခတ်မှုအပေါ် လိုက်နာခြင်းမရှိသဖြင့် အမေရိကန် ဒေါ်လာ ၁၀၅၀၀ နှင့်ညီမျှသည့် ရူဘယ် ၇၀၀၀၀၀ ထိ တိုးမြှင့် ဒဏ်ရိုက် လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 
SMZaw(MDN)
Source> Xinhua

Share this on Social Media