သမ္မတဟောင်း ဂျော့ အိတ်ချ်ဒဗလျူ ဘုချ် ကျောင်းထားပေးခဲ့တဲ့ ဖိလစ်ပိုင်ကျောင်းသားနဲ့ သမ္မတဟောင်းတို့ကြားက စာအဆက်အသွယ် ဖော်ထုတ်

၂၀ ဒီဇင်ဘာ

 

ဖိလစ်ပိုင်လူငယ်လေးကို လက်ဆောင်ပေးခြင်း၊ စာပို့ခြင်းတွေကို လုပ်ဆောင်တဲ့  အမေရိကန်နိုင်ငံသား ဂျီဝေါကားအဖြစ်  သမ္မတဟောင်း ဂျော့အိတ်ချ်ဒဗလျူဘုချ် က လုပ်ဆောင်ခဲ့ပါတယ်။ 

 

 

ခရစ်ယာန် လူမှုရေးအသင်းက ၄၁ မြောက် သမ္မတဟောင်း ဂျော့အိတ်ချ်ဒဗလျူဘုချ်ရဲ့ ကူညီမှုကို ကမ္ဘာက မသိအောင် လျှို့ဝှက်ထားပေးခဲ့ပါတယ်။ 

 

Compassion International အမည်ရ လူမှုရေးအသင်းက ခရစ်ယာန် ဘုရားကျောင်းတွေကနေ တစ်ဆင့်  ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲတဲ့ကလေးငယ်တွေကို ကူညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ သမ္မတဟောင်းက တင်မသီလို့ အမည်ရတဲ့ ဖိလစ်ပိုင်လူငယ်လေးကို ၁၀ နှစ်တိတိ အကူအညီပေးခဲ့ကြောင်း လူမှုရေးအသင်းက ဖွင့်ပြောလိုက်တာဖြစ်ပါတယ်။ 

 

 

သမ္မတဟောင်းက တင်မသီထံကို ၂၀၀၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ကစပြီး စာရေးပြီး သူငယ်ချင်းဖြစ်ချင်တယ် ဆိုတဲ့အကြောင်း၊ သူဟာ အသက် ၇၇ နှစ်အရွယ်ဖြစ်တယ်။ ကလေးတွေကို ချစ်တတ်တဲ့သူဖြစ်တယ်။ တင်မသီနဲ့ သူ မတွေ့ဘူးသေးပေမယ့် သူ့အနေနဲ့ တင်မသီကို ချစ်ခင်ကြောင်း သူဟာ တက်ဆက်ပြည်နယ်မှာ နေထိုင်ကြောင်း ရေးသားပါတယ်။ 

 

ဘုချ်က တင်မသီကို ၂၀၀၂ ခုနှစ်ကနေ လစဉ်ထောက်ပံငွေ ပေးအပ်ရာ တင်မသီ ဘွဲ့ရတဲ့ ၂၀၁၂ ခုနှစ်အထိ ဖြစ်ပါတယ်။ ဘုချ်ရဲ့ သတင်းပြန်ကြားရေးအတွင်းရေးမှူးဟောင်း ဂျင် မက်ဂါရက်က တင်မသီထံ စာတွေမှာ ပါတဲ့လက်ရေးက ဘုချ်ရဲ့ လက်ရေးဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။ ဘုချ်ရေးလိုက်တဲ့ စာတစ်စောင်မှာတော့ သူ့ဟာ White House မှာကျင်းပနေတဲ့ ခရစ္စမတ်ပွဲကို သွားရမယ်၊ အဲဒီကနေ ရလာတဲ့ စာအုပ်လေးပါဆိုပြီး ရေးသားထားပါတယ်။ 

 

 

တင်မသီကလည်း ဘုချ်ထံကို ရေးတဲ့စာထဲမှာ စာတွေ ပို့ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနှင့် ပုံဆွဲစာအုပ်၊ ရောင်စုံခဲတံနဲ့ ရောင်စုံဖောင်တိန်ပန်တွေ ပို့လိုက်တဲ့အတွက် ကျေးဇူးတင်ကြောင်း ၂၀၀၄ ခုနှစ်က စာရေးခဲ့ပါတယ်။ 

 

 

တင်မသီ အသက် ၁၇ အရောက် ဘွဲ့ရအပြီးမှာ တင်မသီကို ပညာသင်ကြေးထောက်ပံ့ခဲ့သူဟာ ဘုချ်ဖြစ်ကြောင်း လူမှုရေးအသင်းက ဝန်ထမ်းတစ်ဦးက ဖွင့်ပြောလိုက်တဲ့အတွက် တင်မသီတစ်ယောက် အံ့အားသင့်သွားတယ်လို့ အမေရိကန် သတင်းတွေမှာ ရေးသားပါတယ်။ အဲဒီအချိန်ကတည်း တင်မသီနဲ့ လူမှုရေးအသင်းတို့ အဆက်အသွယ် ပျက်သွားကြပါတယ်။ သေချာတာကတော့ တင်မသီဟာ အခုဆိုရင် အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ထားမှာ ဖြစ်ပါတယ်။ 

 

 

MDN
ကိုးကား- AFP

Share this on Social Media