နိုင်ငံခြား ခရီးသွား၂ ဦး သတ်ဖြတ်ခံမှုကို အကြမ်းဖက်လုပ်ရပ် ဟု မော်ရိုကို ပြောကြား

၂၀ ဒီဇင်ဘာ

 

မော်ရိုကို အာဏာပိုင်များက တောင်ထူထပ်သော မော်ရိုကို အလယ်ပိုင်းရှိ နိုင်ငံခြား ခရီးသွား ၂ ဦး အသတ်ခံရခြင်းသည် အကြမ်းဖက်လုပ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ အသတ်ခံရသူ ၂ ဦး မှာ ဒိန်းမတ် နှင့် နော်ဝေနိုင်ငံတို့မှ ခရီးသွား အမျိုးသမီးများဖြစ်ပြီး ၎င်းတို့သေဆုံးနေသည်ကို မာရာကတ် မြို့တော်အနီး အိုင်လီ ခရီးသွား ရွာမှ ၁၀ ကီလိုမီတာ အကွာခန့်ရှိ တောတောင်ထူထပ်ပြီး လူသူ အရောက်နည်းပါးသော နေရာတစ်နေရာတွင် တနင်္လာနေ့က တွေ့ရှိခဲ့သည်ဟု သတင်းဖော်ပြထားသည်။

 

ယင်း လူသတ်မှုတွင် ၄ ဦး ပါဝင်ပြီး ၎င်းတို့အနက် ၁ ဦး သည် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘော့ကာ ဆာဘစ် က ဆိုသည်။

 

ထိုဖမ်းဆီးခံရသူ သည် အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ရာဘတ် အပီရယ် တရားရုံး၌ ဥပဒေ အရာရှိက စုံစမ်းသိရှိခဲ့သည်။ အခြား ၃ ဦးကိုလည်း ဖမ်းဆီးရန် ရှာဖွေနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို

Share this on Social Media