တောင်ကိုရီးယားအစိုးရက BMW ကားကုမ္ပဏီအား ဒေါ်လာ ၉ ဒသမ ၉ သန်း ဒဏ်ရိုက်

ဆိုးလ် ၂၅ ဒီဇင်ဘာ

 

ကားအင်ဂျင်ကို မီးလောင်မှုဖြစ်စေနိုင်သည့် ချွတ်ယွင်းချက်ကို ဖုန်းကွယ်မှုဖြင့် ဂျာမနီ ကားကုမ္ပဏီ BMW အား တောင်ကိုရီးယား အစိုးရက ဒေါ်လာ ၉ ဒသမ ၉ သန်းခန့် ဒဏ်ရိုက်လိုက်ကြောင်း သိရသည်။

 

 

ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၌ BMW ကား အင်ဂျင်မီးလောင်မှု  ၅၂ မှုဖြစ်ပွားခဲ့သည်။ အစိုးရနှင့် အရပ်ဘက်ကျွမ်းကျင်သူများ၏ လေးလတာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် ပို့ဆောင်ရေး ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြစ်ဒဏ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ကား၏ အိတ်ဇောဓာတ်ငွေ့ စွန့်ထုတ်မှုစနစ်ရှိ အစိတ်အပိုင်းများ အပြစ်အနာအဆာကြောင့် မီးလောင်မှုကို ဖြစ်ပွားစေကြောင်းနှင့် ယင်းချွတ်ယွင်းချက်ကို ဂျာမနီရှိ BMW ကုမ္ပဏီမှ သက်ဆိုင်ရာ တာဝန်ရှိသူများက သိရှိသော်လည်း ဖုံးဖိထားခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုထားသည်။ ကုမ္ပဏီဘက်က ကားများကို ပြန်လည်သိမ်းဆည်းရန် ကိုင်တွယ်လုပ်ဆောင်ရာ၌ လုံလောက်မှုမရှိခဲ့ခြင်းအတွက်လည်း ပို့ဆောင်ရေးဝန်ကြီးဌာန အရာရှိများကို ဝေဖန်ခံခဲ့ကြရသည်။

 

BMW ကားကုမ္ပဏီဟာ အိတ်ဇောဓာတ်ငွေ့ စွန့်ထုတ်မှုစနစ်တွင် ချွတ်ယွင်းချက်ရှိကြောင်းကို ပြီးခဲ့သည့် သြဂုတ်လက ကြေညာခဲ့ပြီး ကားပေါင်း ၁၇၀၀၀၀ ကျော်ကို ပြန်လည် သိမ်းဆည်းခဲ့သည်။

 

SMZaw( MDN)
Source > NHK

 

Share this on Social Media