ဒို့ကျေးရွာဂျာနယ် အတွဲ(၁၆)၊ အမှတ်(၁) ထုတ်ဝေဖြန့်ချိ

နေပြည်တော် ၂၈ ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေလျက်ရှိသည့် ဒို့ကျေးရွာဂျာနယ်ကို အသွင်သဏ္ဍာန် အနှစ်သာရ ပြောင်းလဲကာ ရောင်စုံ စာမျက်နှာများဖြင့် ဝေဝေဆာဆာ ထုတ်ဝေ ဖြန့်ချိလျက်ရှိရာ အတွဲ(၁၆)၊ အမှတ်(၁)ကို ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်သည်။

 

 

၁-၁-၂၀၁၉ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၆)၊ အမှတ်(၁) တွင် မြန်မာ့ဖရဲသီး အာဆီယံ စံချိန်စံညွှန်း၊  နိုင်ငံစိုက်ပျိုးရေးအတွက် နည်းပညာပံ့ပိုးမှုများ လိုအပ်လျက်ရှိ စသည့် စိုက်ပျိုးရေးဆိုင်ရာ သတင်းနှင့် ဆောင်းပါးများ၊ ကျွဲနွားများ ကျန်းမာရေး ရတက်အေးစေဖို့၊ ကြက်မွေးမည်ဆိုလျှင် သားထိန်းကောင်းသော ကြက်မျိုးကို မွေးမြူသင့်၊ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ် မွေးမြူရေးအဖြစ် လုပ်ဆောင်နိုင်သည့် ဘဲမွေးမြူရေး စသည့် မွေးမြူရေးဆိုင်ရာ ဆောင်းပါးများ၊ ဆရာကြီး လယ်တွင်းသားစောချစ်၏ ဒုတိယအရွယ် အခန်းဆက် ဝတ္ထုရှည်၊ ဉာဏ်ပညာရှိသော အပ်ချုပ်သမားလေး ပုံပြင်၊ မရှိမဖြစ်သည့် ဆား အသုံးတွင်သည့် ဆိုရိုးစကား၊ ဘိုးဘိုးအောင်၏ ဝလုံးကလေးများ စသည့်သုတရသဆောင်းပါးများ၊ ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများ၊ ကျန်းမာ အသက်ရှည်စေရန် အသိဉာဏ်ဖြင့် နေထိုင်စားသောက်ရမည် စသည့် ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ မိုးအားကိုးစိုက် တောင်သူလယ်သမားများ တွေ့ကြုံနေရသော အခက်အခဲများနှင့် ဖြေရှင်းကျော်လွှား နည်းစနစ်များ (အင်တာဗျူး)၊ ကျေးလက်နေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် အဝီစိ စက်ရေတွင်းတူးဖော်၊ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဆောင်ရွက်လျက်ရှိ စသည့်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများ၊ ဒို့ကျေးရွာပေးစာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နိုင်ငံတကာနှင့် ပြည်တွင်း မျက်မှောက်ရေးရာ သတင်းများ၊ အင်တာဗျူး၊ ကျေးလက်ရသကဗျာ၊ ကာတွန်း၊ ဟာသ၊ အနုပညာကဏ္ဍ၊ အားကစား၊ ဗေဒင်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိုးလေဝသ ခန့်မှန်းချက် စသည့် ဗဟုသုတ ရရှိစေမည့် အကြောင်းအရာများကို သုတရသ စုံလင်စွာဖြင့် ဖတ်ရှုရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

Share this on Social Media