သမိုင်းသစ်၏ မော်ကွန်း

မောင်စိန်ဝင်း (ညောင်ခါးရှည်)

 

မော်ကွန်းဟူသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့်သည့် သမိုင်းတန်ဖိုးကြီးမားသော ပစ္စည်းများ ဖြစ်ပါသည်။ မော်ကွန်းသည် ခေတ်တစ်ခေတ်၏ အခြေအနေအရပ်ရပ်ကို ဖော်ပြနေပြီး နှစ်ကာလကြာရှည်လေလေ အစားထိုးမရလေလေ သမိုင်းတန်ဖိုး ကြီးမားလေလေ ဖြစ်ပါသည်။

 

ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ဝ ကျော်က တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံဆံတော်ရှင်မြတ်ကြီးအား ရေရှည်တည်တံ့ခိုင်မြဲ၍ သပ္ပာယ်စွာ အများပြည်သူ ကြည်ညို သဒ္ဓါပွားနိုင်စေရန် ရည်ရွယ်လျက် သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ ရွှေစင်ရွှေပြား ကပ်လှူပူဇော်ရာ တွင် အရည်အသွေးမီ ရွှေစင်ရွှေပြားများ ထုတ်လုပ်သည့် ရွှေပြားကြိတ်စက် ခြောက်လုံးနှင့် ရွှေပြားကြိတ်စက်ရုံကို စေတီ တော်တောင်ဘက်မုခ် အောက်ပစ္စယာ၌ မြေနေရာအကျယ် အဝန်း (၃၅ဒ ထ ၅၀ဒ) ရှိ မြေကွက်လပ်တွင် တည်ဆောက်ပြီး ၁၃-၁၂-၂၀၁၈ ရက်နေ့တွင် ကမ္ပည်းတင် ဖွင့်လှစ်နိုင်ခဲ့သည် မှာ ဘာသာ သာသနာအတွက် တန်ဖိုးမဖြတ်နိုင်သကဲ့သို့ အနာဂတ်သမိုင်းသစ်ကို ရေးထိုးမည့် မော်ကွန်းကမ္ပည်းလည်း ဖြစ်ပါသည်

 

ရွှေသင်္ကန်းများ ကပ်လှူပူဇော်လေ့ရှိ 

 

ဗုဒ္ဓဘာသာမြန်မာတို့အနေဖြင့် ယဉ်ကျေးမှုအစဉ်အလာ အရ နိဗ္ဗာန်ကိုရည်မှန်းလျက် (၁၀) ပါးသောအကျိုးငှာ ဘုရား ကျောင်းကန် စေတီပုထိုး စသည့် သာသနိကအဆောက်အအုံ များ၌ ထုံးသင်္ကန်းကပ်လှူခြင်း၊ ရွှေဆေးသုတ်ခြင်းအပြင် မိမိတို့ မြတ်နိုးတန်ဖိုးထားသည့် ရွှေကို အပြားခတ်၍ မိမိတို့ အထွတ် အမြတ်ထားရာ တန်ခိုးကြီးစေတီပုထိုးများ၌ သဒ္ဓါယိုဖိတ် ကုသိုလ်စေတနာစိတ်တို့ဖြင့် ရွှေစင်ရွှေပြား၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်လေ့ရှိကြပါသည်။ ရွှေသင်္ကန်းကပ်လှူရာတွင် ရွှေစင်ရွှေပြားကပ်လှူခြင်းနှင့် သစ်စေးသုတ်၍ ရွှေမျက်ပါး ကပ်လှူခြင်းတို့ကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြောင်း တွေ့ရပါသည်။ ထုံးသင်္ကန်းကပ်လှူခြင်းအပြင် သစ်စေးသုတ်၍ ရွှေမျက်ပါးရွှေသင်္ကန်းကို မြန်မာနိုင်ငံအနှံ့ရှိ စေတီပုထိုးများတွင် ကပ်လှူပူဇော်ကြသော်လည်း ရွှေစင်ရွှေပြားကို အပြားလိုက် ကပ်လှူပူဇော်ခြင်းကိုမူ ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် နေပြည်တော်ရှိ ဥပ္ပါတသ္တိစေတီတော်မြတ်ကြီးအပါ အဝင် စေတီပုထိုးအနည်းငယ် တွင်သာ ကပ်လှူပူဇော်ကြောင်း မှတ်သားသိရှိရပါသည်။

 

အရည်အသွေးထိခိုက်မှုမရှိ 

 

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သစ်စေးသုတ် ကပ်လှူ သော ရွှေသင်္ကန်းများမှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုများ ရှိသဖြင့် ငါးနှစ်လျှင်တစ်ကြိမ် အသစ်ပြန်လည် ကပ်လှူခြင်း များရှိပြီး ယခုနှစ်တွင်လည်း ရွှေတိဂုံစေတီတော်အထက်ပစ္စယာ ကြာမှောက်ကြာလှန်နေရာရှိ ရွှေစင်ရွှေပြားများမှာ အစွန်း အထင်းများဖြင့် အရောင်ပျက်ယွင်းလာသဖြင့် ရွှေသင်္ကန်း ကပ်လှူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ရွှေစင်ရွှေပြား အလိုက် ကပ်လှူသော ရွှေသင်္ကန်းမှာ ပျက်စီးမှုနည်းပါးပြီး အရည်အသွေးထိခိုက်မှု မရှိပါ။ လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ ခန့် က မင်းတုန်းမင်းတရားကြီး ကပ်လှူပူဇော်ခဲ့သည့် ရွှေပြား သင်္ကန်းများမှာ နှစ်ကာလကြာမြင့်သော်လည်း ရွှေရောင်ဝင်း လျက်ရှိနေသေးသည်က သက်သေခံနေပါသည်။ 

 

ရွှေတိဂုံစေတီတော်၌ ၂၀ဝ၈-၂၀ဝ၉ ခုနှစ်တွင် Gold Coating နည်းပညာဖြင့် ရွှေစင်ရွှေပြားများကို စမ်းသပ် ကပ်လှူပူဇော်ခဲ့ပါသည်။ အဆိုပါနည်းစနစ်တွင် ရွှေစင်ရွှေပြား ကို အမှုန့်များပြုလုပ်ပြီး ပြဒါးဖြင့်ရော၍ ကြေးပြားများကို အပူပေးထားချိန်တွင် သုတ်လိမ်းရပြီး ရွှေမှုန်သည် ကြေးပြားနှင့် တွဲဆက်သွားသောအခါ မီးအပူပေး၍ ပြဒါးကို ပြန်လည်ထုတ်ယူသောစနစ် ဖြစ်ပါသည်။ ပြဒါးကို အသုံးပြုရသဖြင့် ပြဒါးအဆိပ် သင့်နိုင်သည့်အပြင် ရွှေမိုက်ထုတ်လုပ်ခြင်း၊ ရွှေသန့်စင်ခြင်း၊ ရွှေရောင်တင်ခြင်းများ ဆောင်ရွက်ရာ၌လည်း ဆိုင်ရာနိုက် ဓာတ်ဆေးရည် အသုံးပြုရသဖြင့် အလွန်အ္တရာယ်များပါသည်။ ရွှေ၏အရောင်အသွေးညီညာမှုနှင့် အရည်အသွေးစစ်ဆေးရာ၌ နည်းစနစ်ပိုင်း အားနည်းချက်များရှိပြီး ကုန်ကျစရိတ်နှင့် အလေ အလွင့်များခြင်းများလည်း ရှိနေတတ်ပါသည်။

 

အကျိုးများစေမည် 

 

ရာသီဥတုဖောက်ပြန်ပြီး အပူရှိန်တစ်စထက်တစ်စ မြင့်မား လာနေသော ယနေ့အခါသမယ၌ သစ်စေးသုတ်၍ ရွှေမျက်ပါး သင်္ကန်းကပ်လှူခြင်းသည် ပျက်စီးဆုံးရှုံးမှု ပို၍များလာနိုင် ကြောင်း ယူဆမိပါသည်။ အပူဒဏ်ကြောင့် သစ်စေးများ အရည်ပျော်နိုင်သကဲ့သို့ လေဒဏ်၊ မိုးဒဏ်ကြောင့် အပေါ်လွှာရှိ ရွှေမှုန်များမှာ လွင့်ပါး ပျောက်ဆုံးသွားမည်ဆိုပါက လှူဒါန်း ခဲ့သည့် အလှူရှင်များ၏ လှူဒါန်းမှုသည် အဟောသိကံ ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ရွှေစင်ရွှေပြားကပ်လှူခြင်းသည်သာ ရေရှည်တည်တံ့ပြီး ဆုံးရှုံးမှုနည်းနိုင်သည့်အပြင် အလှူရှင်များ၏ သဒ္ဓါတရားကိုလည်း အကျိုးများစေမည် ဖြစ်ပါသည်။

 

ရွှေတိဂုံစေတီတော်တွင် ရွှေမျက်ပါးကပ်လှူခြင်းကို တက်ရောက်ကပ်လှူရန် လွယ်ကူသည့် အထက်ပစ္စယာ အောက်နေရာတွင် ရှေးအစဉ်အဆက် ကပ်လှူခဲ့ပြီး တက်ရောက်ရန်ခက်ခဲသော ပစ္စယာအထက် ကြာမှောက်ကြာလှန်၊ ချရားသီး၊ ငှက်ပျောဖူး စသည့်နေရာများ၌ ရွှေစင်ရွှေပြားများ ကိုသာ ကပ်လှူပူဇော်ခဲ့ကြပါသည်။ ထိုသို့ ကပ်လှူရာတွင် ရွှေစင်ရွှေပြားများကို အရွယ်အစားအမျိုးမျိုး၊ အထူအပါး အမျိုးမျိုးဖြင့် ကပ်လှူပူဇော်မည်ဆိုပါက စာရင်းထိန်းသိမ်းရန် ခက်ခဲပြီး အထူအပါးမညီ၊ အရွယ်အစား မညီမှုကြောင့် ပသာဒ အမြင်အရ ကြည်ညိုစွာ သဒ္ဓါပွားနိုင်ရန် အားနည်းချက် ဖြစ်ပေါ် စေပါသည်။ အရွယ်အစားနှင့် အထူအပါးကို တစ်ပြေးညီဖြစ်စေ ရန် တစ်ပေပတ်လည် အရွယ်အစားနှင့် အထူအပါး (ဝ.ဝ၄၅ - ဝ.ဝ၅၀) မီလီမီတာသည် အကောင်းဆုံးစံဖြစ်ကြောင်း တွေ့ရ ပါသည်။ ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသည့် တစ်ပေ ပတ်လည် ရွှေစင်ရွှေပြားအရေအတွက်သည် အချပ်ပေါင်း ကိုးသောင်းကျော်ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ရွှေစင်ရွှေပြား တစ်ပေပတ်လည်အရွယ်အစား အသားတင် ရရှိရန် ရွှေစင် ငါးကျပ်သားနှင့် ခြောက်ကျပ်သားကို ကြိတ်မှ ရရှိနိုင်သည်ဆိုသော်လည်း ရွှေစင် ခြောက်ကျပ်သားကို ကြိတ်မှ သာ စံချိန်စံòန်း အထူအပါးဖြစ်သည့် (ဝ.ဝ၄၅-ဝ.ဝ၅၀) မီလီ မီတာရရှိနိုင်ကြောင်း သိရှိရပါသည်။

 

ရွှေတိဂုံစေတီတော်တွင် ရွှေပြားသင်္ကန်းကပ်လှူနိုင်ရေး အတွက် ဂေါပကအဖွဲ့အနေဖြင့် ရွှေပြား (Gold Plate) ထုတ်လုပ်သည့် ရွှေပြားကြိတ်စက်ကို ဥရောပနှင့် ဂျပန်နိုင်ငံတို့မှ ဝယ်ယူရန် စီစဉ်ခဲ့ပြီး ရွှေစင်ရွှေပြား ကျပ်သားတုံးများကို ကြိတ်၍ ရွှေပြားသင်္ကန်းထုတ်လုပ်ကာ ခေါင်းလောင်းတော် အောက်ခြေမှ ကျည်းဝန်းအထိ ကပ်လှူပူဇော်ရန် စီစဉ်ခဲ့ပါ သည်။ ထိုသို့ကပ်လှူခြင်းဖြင့် ရေရှည်တည်တံ့ ခိုင်မြဲမည့်အပြင် ရွှေအလျော့တွက်၊ အလေးချိန်၊ အရောင်အဆင်း ပျက်စီးဆုံးရှုံး ခြင်းများ လျော့နည်းသည့်အတွက် ရွှေသင်္ကန်းထုတ်လုပ်မှုကို ညှိနှိုင်း၍ အလုပ်ရုံဖွင့်လှစ်ပြီး လုံခြုံရေးနှင့် ဆောင်ရွက်မှုအဆင့် ဆင့်အား (CCTV )ကင်မရာများဖြင့် ကြီးကြပ်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ပမှ မှာယူရရှိသည့် ကြိတ်စက်များသည် လက်လှည့်ကြိတ်စက်များသာဖြစ်ပြီး ရွှေစင်ရွှေပြား ထုတ်လုပ်ရာတွင် ထိရောက်တွင်ကျယ်မှု မဖြစ်နိုင်ပါသဖြင့် ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် နိုင်ငံခြားငွေသက်သာ ပြီး ပြည်တွင်း၌ အရည်အသွေး စံချိန်မီစက်များ တပ်ဆင် ထုတ်လုပ်နိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အကြံပြုချက်အရ စက်မှုဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်ခဲ့ရာမှ ယခုကဲ့သို့ စံချိန်မီ ရွှေစင်ရွှေပြား ထုတ်လုပ် နိုင်သည

 

တီထွင်နိုင်ခဲ့ 

 

စက်မှုဝန်ကြီးဌာနသည် မိမိ၌ရှိပြီးဖြစ်သော နည်းပညာ၊ အတတ်ပညာနှင့် ထုတ်လုပ်မှုလုပ်ငန်း အတွေ့အကြုံများကို အခြေခံလျက် နိုင်ငံတကာအဆင့်မီ ရွှေပြားကြိတ်စက်များကို အမှတ် (၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်) တွင် စမ်းသပ်ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ နမူနာပေးပို့ လာသည့် အင်္ဂလန်နိုင်ငံထုတ် လက်လှည့်ကြိတ်စက်မှာ တစ်ပေ ပတ်လည်အရွယ်အစားမရရှိဘဲ လေးလက်မအရွယ်သာ ရရှိနိုင် ပါသည်။ ရွှေစင်ရွှေပြားကို အပူပေး၍ စံချိန်စံòန်းနှင့် ကိုက်ညီ သော တစ်ပေပတ်လည်အရွယ်နှင့် အထူအပါး (ဝ.ဝ၄၅ - ဝ.ဝ၅၀) မီလီမီတာရရှိနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းòန်မှုအရ ကျွမ်းကျင်ပညာရှင် များနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ဒီဇိုင်းနမူနာအမျိုးမျိုး၊ စက်တပ်ဆင်မှုအမျိုးမျိုး၊ စမ်းသပ်မှုအမျိုးမျိုးတို့ကို အောင်မြင် စွာဆောင်ရွက်၍ နည်းပညာဆိုင်ရာ အခက်အခဲများကို ကျော်လွှားလျက် အချိန် ခြောက်လတာကာလအတွင်း ရွှေစင် ရွှေပြားကြိတ်စက်ကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

 

အလေးဂရုပြုဆောင်ရွက်ခဲ့ 

 

ရွှေပြားကြိတ်စက်ရုံ တည်ဆောက်ရာတွင်လည်း နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒလမ်းòန်မှုကို ခံယူလျက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကုန်းတော်မြေ ထိခိုက်မှု မရှိစေရေး၊ စက်ရုံကို လွန်စွာညက်ညောစွာ လည်ပတ် စေရေး၊ တုန်ခါမှု အလျှင်းမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးတို့ကို အလေးဂရုပြု ဆောင်ရွက်ခဲ့ပါ သည်။ စက်ရုံအဆောက်အအုံ၏ Concept Design ကို စက်မှုဝန်ကြီးဌာနမှ ရေးဆွဲပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၆ ရက် နေ့တွင် ပန္နက်ချတည်ဆောက်ခဲ့ပါသည်။ Concept Design အတိုင်း အဝင်အထွက်တံခါးများ၊ လေ့လာကြည့်ရှုရန် မှန်ခန်းများ၊ လေအေးပေးစနစ်များ၊ လျှပ်စစ်လိုင်း၊ ရေလိုင်း များ၊ မိုးကြိုးလွှဲမြေစိုက်ကြိုးနှင့် စနစ်ကျ၍ အ္တရာယ်ကင်းသော လျှပ်စစ် ဓာတ်အားပေးစနစ်များ၊ စက်ရုံလုံခြုံရေးအတွက် (CCTV) ကင်မရာများ၊ Online Monitoring ဖြင့် လူ၊ ပစ္စည်းအဝင်အထွက်ကို ကွန်ပျူတာများဖြင့် စောင့်ကြည့်မှတ်တမ်းတင်စနစ်များပါဝင်ပြီး အလှူရှင် သုဓမ္မမဏိဇောတ ဓရ ဦးဇော်ဝင်းမိသားစု၊ ဇော်ထက်ပိုင်အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးအုပ်စု ကုမ္ပဏီ လီမိတက်က မြန်မာမှုဗိသုကာ လက်ရာများဖြင့် အချိန်လေးလတာကာလအတွင်း ပညာရှင်များ၊ စက်မှုဝန်ကြီးဌာန ဝန်ထမ်းများ စုပေါင်းအားဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

 

နိုင်ငံတစ်နိုင်ငံအတွက် ယဉ်ကျေးမှုအမွေအနှစ်သည် အလွန်တရာ အဖိုးထိုက်တန်ပြီး နိုင်ငံ၏ပုံရိပ်ကို ဖော်ပြလျက် ရှိပါသည်။ မြန်မာတို့သည် သမိုင်းအစဉ်အလာကြီးမားပြီး ယဉ်ကျေးသောလူမျိုးများဖြစ်ကြောင်း က္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်များစွာကို ပိုင်ဆိုင်ထားခြင်းက သက်သေပြလျက်ရှိပါသည်။ ထိုသို့ သမိုင်းအစဉ်အလာကြီးမားသော ယဉ်ကျေးမှုအမွေ အနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးသည် နိုင်ငံသူ နိုင်ငံသား အားလုံး၏ သမိုင်းပေးတာဝန်ပင် ဖြစ်ပါသည်။ 

 

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဆက်ကပ်ပူဇော်ရန် အတွက် စံချိန်မီ ရွှေစင်ရွှေပြားကြိတ်စက်နှင့် အလုပ်ရုံကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ထိုသမိုင်းကွက်လပ်ကို တစ်ထောင့် တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်ပြီး ခေတ်သစ်၏သမိုင်း မော်ကွန်းကို ကမ္ပည်းတင်လိုက်ခြင်းပင် ဖြစ်ပါသည်။ စက်မှု ဝန်ကြီးဌာနမှ ထုတ်လုပ်သည့် ရွှေစင်ရွှေပြားကြိတ်စက်များကို ပြည်တွင်းရှိ အခြားသော ဘုရားစေတီပုထိုးများတွင် ကပ်လှူပူဇော်ရန် အမှာစာများရရှိထားပြီးဖြစ်ရာ မကြာမီသောကာလ တွင် အရည်အသွေးပြည့်မီသော ရွှေစင်ရွှေပြားသင်္ကန်းတော် များဖြင့် ရွှေရောင်ဝင်းလက်နေသော တန်ခိုးကြီးစေတီတော်ကြီး များကို သဒ္ဓါယိုဖိတ် ကြည်ညိုစိတ်အပြည့်ဖြင့် တင့်တယ် သပ္ပာယ်စွာ မြင်တွေ ့ဖူးမြော်နိုင်ကြတော့မည် ဖြစ်ပါသည်။ ။

Share this on Social Media