သာယာဝတီခရိုင် (၈)မြို့နယ် ချစ်ကြည်ရေး မိတ်ဆက်စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲကျင်းပ

နတ်တလင်း ၃ဝ ဒီဇင်ဘာ

 

သာယာဝတီခရိုင် (၈)မြို့နယ် ချစ်ကြည်ရေး မိတ်ဆက်စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၃ဝ ရက် နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့ ရွှေလင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ဖိတ်ခေါ်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဦးစီးနာယက ဦးသိန်းထွဋ်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားမှူး ဒေါ်ကေသီချိုနှင့် အားကစားသမားများက အလေးပြုခြင်း၊ အားကစားသစ္စာဓိဌာန် (၄)ချက် ဆိုခြင်းများ ပြုလုပ်ကြသည်။

 

(၈)မြို့နယ် ချစ်ကြည်ရေးဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် အကစားသမား(၆၄)ဦး အုပ်စု(၄)စုခွဲ၍ ပွဲစဉ်အစမှ ဗိုလ်လုပွဲအထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ယှဉ်ပြိုင်ပွဲသို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ မြို့မစခန်းမှူး ဒုရဲမှုးအောင်ကျော်ကျော်နှင့် NGO အဖွဲ့အစည်းများ၊ (၈)မြို့နယ် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။

 

၀၅၈

Share this on Social Media