ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

နေပြည်တော်  ၃၀  ဒီဇင်ဘာ 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ( ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် ) တနင်္လာနေ့၊ ၁၃၃၀ နာရီ အချိန်တွင် စတင်ကျင်းပရန်ခေါ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးမှ သိရသည်။

MDN

 

Share this on Social Media