Asian Tour ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရဲထက်အောင် လက်ရည်စစ်ပွဲအောင်မြင်

၃၀  ဒီဇင်ဘာ 

 

Asian Tour ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂေါက်သီးရိုက်ကစားသမား ရဲထက်အောင်သည် လက်ရည်စစ်ပွဲအောင်မြင်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

 

ရဲထက်အောင် ဝင်ရောက်ယှဉ်ပြိုင်သည့် လက်ရည်စစ်ပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ပြီး အဆင့် ၂၈ နေရာမှ လက်ရည်စစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ရဲထက်အောင်ကို Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar) မှအဓိက ကူညီပံ့ပိုးထားခြင်းဖြစ်ပြီး ယခုလက်ရည်စစ်ပွဲတွင် လက်စွမ်းပြနိုင်ခဲ့ခြင်းဖြစ်သည်။ရဲထက်အောင်သည် ပြိုင်ပွဲအားလုံးအပြီးတွင် သတ်မှတ်ရိုက်ချက်ထက် ၁၂ ချက်လျှော့ရိုက်ကာ အဆင့် ၂၈ နေရာရခဲ့ပြီး ကြည်လှဟန်နှင့် ဇော်မိုးတို့ပြီးနောက် Asian Tour ပြိုင်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ရဲထက်အောင်သည် ၂၀၁၉ ခုနှစ်တွင်ကျင်းပမည့် Asian Tour ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

သတင်း-ဖိုးသော်ဇင်

 

ဓာတ်ပုံ- ဂေါက်သီးအဖွဲ့ချုပ်

Share this on Social Media