မြန်မာ့မော်တော်ယာဉ်လောက စနစ်တကျဖွံ့ဖြိုးရေး ဆောင်ရွက်သွားမည်

ရန်ကုန် ၃၁ ဒီဇင်ဘာ 

 

မြန်မာ့မော်တော်ယာဉ်လောက စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပညာရှင်ကဏ္ဍမှ ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဟု (Industrial Professionals Association - AIPA) အသင်း၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးမှ သိရသည်။

 

အစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက AIPA အသင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် AIPA ဥက္ကဋ္ဌ ဦးကိုကိုအောင် (သိပ္ပံစာရေးဆရာ ကိုကိုအောင်) က အမှာစကား ပြောကြားပြီး ဒုတိယဥက္ကဋ္ဌများက ရှေ့ဆက်ဆောင် ရွက်မည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

 

AIPA သည် မော်တော်ယာဉ်အင်ဂျင်နီယာ ပညာဆိုင်ရာ ပြည်တွင်းပြည်ပအတွေ့အကြုံများစွာ ရှိသည့် ဝါရင့်အင်ဂျင်နီယာ ပညာရှင်ကြီးများ၊ အငြိမ်းစား ဒုတိယဝန်ကြီးနှင့် အငြိမ်းစားအထွေ ထွေမန်နေဂျာများ၊ အငြိမ်းစားအင်ဂျင်နီယာချုပ်ကြီးများ၊ အင်ဂျင်နီယာမှူးကြီးများ၊ နည်းပညာ တက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ တွဲဖက်ပါမောက္ခများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

 

အေးမင်းသူ

Share this on Social Media