စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ

မုံရွာ   ၃၁  ဒီဇင်ဘာ
 
၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
 
 
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် ကျင်းပသည့် အမျိုးသား၊ အမျိုးသမီး မီတာ(၂ဝဝ) အပြေးပြိုင်ပွဲ ကျင်းပနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
 
 
၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၃၆)မြို့မှ ပါဝင်ပြီး မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၈ဝဝ၊ ၁၅ဝဝ၊ ၃ဝဝဝ အလျားခုန်၊ အမြင့်ခုန်၊ မီတာ ၁ဝဝ နှင့် မီတာ ၄ဝဝ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲများကို မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း လည်းကောင်း၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် ပြိုင်ပွဲများကို အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)ကျောင်း အားကစားကွင်းတွင် လည်းကောင်း ကျင်းပလျက်ရှိသည်။
 
 
အဆိုပါ ပြိုင်ပွဲများကို ဒီဇင်ဘာ ၃၁ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
ဝင်းဦး(ဇေယျာတိုင်း)

Share this on Social Media