လက်ချင်းတွဲကာ တွေ့ခဲ့ရတဲ့ တေလာဆွစ်နဲ့ ဂျိုးအော်ဝင်န်

၁ ဇန်နဝါရီ

 

ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲတစ်တွဲ ဖြစ်တဲ့ တေလာဆွစ်နဲ့ ဂျိုးအော်ဝင်န် တို့ဟာ လတ်တလောမှာတော့ နယူးယော့ခ်ရဲ့ လမ်းတွေပေါ်မှာ လက်ချင်းတွဲကာ လမ်းလျှောက်ခဲ့ကြတာကို တွေ့ရပါတယ်။ အေးလွန်းတဲ့ရာသီဥတုမှာ လက်ချင်းတွဲကာ လမ်းလျှောက်နေကြတဲ့ ကြယ်ပွင့်စုံတွဲဟာ နေ့လယ်စာ အတူစားခဲ့ကြတာဖြစ်ကြောင်း မေးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ဗြိတိန်သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိုးအော်ဝင်န်နဲ့ တေးရေး၊ တေးဆို တစ်ဦးဖြစ်သူ အမေရိကန်ပေါ့ပ် ကြယ်ပွင့် တေလာဆွစ်တို့ဟာ နယူးယော့ခ်ရဲ့ မက်ဟန်တန်မှာ နေ့လယ်စာ အတူစားဖို့သွားရင်း လက်ချင်းတွဲကာ လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

 

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ချစ်သူတွေ ဖြစ်နေကြောင်း သတင်းတွေပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဦးအကြားက ဆက်ဆံရေးကို လျှို့ဝှက်ထားကြတာဖြစ်ပြီး နောက်ပိုင်းမှာမှ တရားဝင် လက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ကြယ်ပွင့်စုံတွဲဟာ အများရှေ့လက်ချင်းတွဲကာ ပေါ်ထွက်လာခဲ့ပေမယ့် နှစ်သစ်ကူးပိတ်ရက်မှာတော့ ယခုလို အတူအလည်အပတ် ထွက်ခဲ့ကြတာကို တွေ့ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

 

အေးပြည့်

Share this on Social Media