မြန်မာ့လွတ်လပ်ရေး ရာဇဝင်မော်ကွန်း အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာခြင်း

၂ ဇန်နဝါရီ

 

မြန်မာမျိုးချစ်တိုင်းရင်းသားများသည် နယ်ချဲ့အင်္ဂလိပ်တို့ကို လက်နက်စွဲကိုင်တော်လှန်ခြင်းအား ရပ်ဆိုင်းလိုက်ပြီးနောက် အမျိုးသားရေးဘက်သို့ ခြေဦးလှည့်ကြသည်။ စည်းလုံးညီညာခြင်းနည်းဖြင့် တိုက်ပွဲစစ်ဦးကို လှည့်ခဲ့ကြသည်။

 

 

 လွတ်လပ်ရေးဆုံးရှုံး၍ ဝါးအစည်းပြေခဲ့သော လူမျိုးကို စည်းရုံးကြသည်။ မြန်မာ့ယဉ်ကျေးမှုကို ဂုဏ်ယူခြင်းဖြင့် စိတ်ဓာတ် တင်းထားကြသည်။ ခေတ်ပညာများနှင့် ရှေးဟောင်းပညာများ အစုံအလင် တတ်ကျွမ်းမှ အင်္ဂလိပ်ကိုအန်တုနိုင်မည်ဟု နားလည်ကြသည်။ ပညာဘက်၌ ကြိုးပမ်းကြသည်။ လွတ်လပ်ရေးတိုက်ပွဲကို စွန့်လွှတ်ခြင်းမပြု၊ စစ်ဦး ပြောင်းခြင်းသာဖြစ်သည်။

 

 

အမျိုးသားခေါင်းဆောင်များ မွေးထုတ် မျိုးသားခေါင်းဆောင်များ မွေးထုတ် ၁၈၉၇ ခုနှစ်တွင် မန္တလေးမြို့၌ ဗုဒ္ဓသာသနနုဂ္ဂဟအသင်းကို စတင်တည်ထောင်ပြီး အမျိုးသားခေါင်းဆောင်များမွေးထုတ်သည်။ ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓကလျာဏယုဝအသင်းကြီး ပေါ်ပေါက်လာသည်။ ခေတ်ပညာတတ်လူငယ်များအားလုံး အားပေးခဲ့သည်။ အသင်းကြီးသည် ရန်ကုန်မြို့တွင်သာမက နိုင်ငံအနှံ့ပျံ့နှံ့သွားသည်။ ထို့နောက် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီးကို တိုးချဲ့ဖွဲ့စည်းသည်။ အမျိုးသား ရေး၊ နိုင်ငံလွတ်လပ်ရေး ကိုယ်ပိုင်လွတ်လပ်ရေးတို့ကို ကြိုးပမ်းကြသော ဝံသာနုခေတ်အစ ဖြစ်သည်။

 

မြန်မာ့လွတ်လပ်ရေးအတွက် ဟောပြောလှုံ့ဆော်ကြသော ခေါင်းဆောင်များတွင် ဆရာတော်ဦးဥတ္တမသည် ထင်ရှားကျော်ကြားသော ရှေ့ဆောင်လမ်းပြဖြစ်သည်။

 

တစ်တိုင်းပြည်လုံးက အားပေးခဲ့ကြ ၁၉၂၀ ပြည့်နှစ်တွင် ပထမကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်။ အမျိုးသားပညာရေးအတွက် ကျောင်းသားကြီးတို့ ဦးဆောင်၍ သပိတ်မှောက်ခြင်းဖြင့် လူမျိုးခြားအုပ်စိုးသူတို့ကို တော်လှန်ခြင်းဖြစ်သည်။ တစ်တိုင်းပြည်လုံးက အားပေးခဲ့ကြသည်။ အောင်ပွဲဆင်နိုင်သောတိုက်ပွဲ၊ လွတ်လပ်ရေးသို့ ချီတက်သောလမ်းကြောင်းပေါ်တွင် ထင်ရှားသောမှတ်တိုင်ဖြစ်ခဲ့သည်။ ထိုမှ ဆက်လက်၍ လွတ်လပ်ရေးသို့ ချီတက်ခဲ့ခြင်းသည် ရပ်နားခဲ့သည်မရှိခဲ့ချေ။ လူထုနည်းဖြင့် စည်းရုံးညီညာစွာ တစ်သံတည်းတောင်းဆိုရာမှ လူမျိုးခြားတို့က နာခံရသည်။ မြန်မာများအဖို့ စည်းလုံးညီညာခြင်းသည်အင်အား၊ ထိုအင်အားဖြင့် ကြိုးပမ်းလျှင်အောင်မြင်သည်။ အင်အားမဲ့က ဆုံးရှုံးရသည်ကို လက်တွေ့ သင်ခန်းစာရခဲ့သည်။

 

၁၉၃၀ ပြည့်နှစ်နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော ဆရာစံတော်လှန်ရေး၊ ရေနံမြေအလုပ်သမားအရေးတော်ပုံတို့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကို အရှိန်အဟုန်ပြင်းပြင်းနှင့် တွန်းပို့ပေးနိုင်ခဲ့သည်။ ထိုအချိန်ကာလ အမျိုးသားရေး စိတ်ဓာတ်ထက်သန်နေချိန်တွင် ဒို့ဗမာဝါဒကြေညာစာတမ်းများ ပေါ်လာသည်။ ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကိုချစ်ပါ၊ ဒို့စာကိုချီးမြှင့်ပါ၊ ဒို့စကားကိုလေးစားပါဟု နှိုးဆော်လာကြသည်။ အင်္ဂလိပ်လူသုံးကုန်ပစ္စည်းများကိုမသုံးရန်လည်း သပိတ်မှောက်ကြသည်။အရေးပါသော အဖွဲ့အစည်းဖြစ် ရေးပါသော အဖွဲ့အစည်းဖြစ် ၁၉၃၄-၁၉၃၅ ခုနှစ်က နိုင်ငံရေးတွင် စိတ်ပါသောလူငယ်များ ရန်ကုန် တက္ကသိုလ်၌် ဆုံမိကြသည်။ ၁၉၃၆ ခုနှစ်တွင် ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီး ထပ်မံပေါ်ပေါက်သည်။ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များသည် နောင်တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၌ထင်ရှားသောခေါင်းဆောင်များ ဖြစ်လာကြသည်။ ထိုခေတ်ကာလက ဒို့ဗမာအစည်းအရုံးသည် လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရေးပါသော အဖွဲ့အစည်းဖြစ်သည်။ 

 

ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခဲ့သော်လည်း မြန်မာလွတ်လပ်ရေးအတွက် ရည်မှန်းကြိုးပမ်းရာတွင် တူညီမှုရှိသည်။ လွတ်လပ်ရေးရရှိရန် စွန့်စွန့်စားစားလုပ်ကိုင်မည်၊ အနစ်နာခံမည်၊ အဆင်းရဲခံမည်၊ လမ်းများ ရှာကြမည်၊ လက်နက်ကိုင်အင်္ဂလိပ်ကို လက်နက်ဖြင့်သာ တော်လှန်မည်ဟူသည့် အမြင်ချင်းလည်းတူကြသည်။ သခင်များ၊ ကျောင်းသားများ၊ လူငယ်များ၊ နိုင်ငံရေးသမားများ လက်နက်ကိုင်၍ တော်လှန်ရန် အသင့် ဖြစ်လာကြသည်။ ပြည်သူများကလည်း တော်လှန်ရေးတွင် ပါဝင်ရန် တစ်ခဲနက်ဖြစ်လာကြသည်။ ။

 

ကောင်းဈာန်သိမ်း

Share this on Social Media