ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ ဆရာအရေအတွက်နဲ့ ဆရာမအရေအတွက် အတော်ကြီးကွာဟနေတာကြောင့် ပညာရေးကို အကောင်အထည်ဖော်တဲ့ အခါ ပိုပြီးကောင်းလာအောင် မူဝါဒတွေ ချမှတ်ဖို့လိုပါတယ်

၂ ဇန်နဝါရီ

 

ပညာရေးတွင် ဆရာများ၏အခန်းကဏ္ဍနှင့် အမျိုးသားဆရာ တိုးမြှင့်ခန့်ထားရေးစကားဝိုင်း ကျင်းပ

 

ပညာရေးတွင် ဆရာများ၏ အခန်းကဏ္ဍနှင့် အမျိုးသားဆရာတိုးမြှင့်ခန့်ထားရေး စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစ ပညာရေးတွင် ဆရာများ၏ အခန်းကဏ္ဍနှင့် အမျိုးသားဆရာတိုးမြှင့်ခန့်ထားရေး စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်းရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကြားတို့ ပူးပေါင်းရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာသန်းဦး၊ ပညာရေး မှူးချုပ်(ငြိမ်း) ဒေါက်တာသန်းဦး၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးကိုလေးဝင်း၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဝင်းအောင်နှင့် ဦးထွန်းလှ၊ ရန်ကုန်တိုင်းဒေသကြီး အလက(၉) အင်းစိန်ကျောင်းအုပ် ဦးစိုးထွန်းထွန်းနိုင် ရန်ကုန်ဒေသကြီး အထက (၄) သင်္ဃန်းကျွန်းမှ အထက်တန်းပြဆရာ ဦးလင်းလင်းထိုက်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား မောင်အားမာန်ထက်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်-

 

အစီအစဉ်မှူး။ ။ အခုလက်ရှိမှာ ဆရာများရဲ့အခန်း စီအစဉ်မှူးကဏ္ဍက ဘယ်လောက်အထိ အရေးပါ သလဲဆိုတာ ပြောပြပေးစေချင်ပါတယ်။

 

ဒေါက်တာသန်းဦး။ ။ ဒီနေ့ကမ္ဘာမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်လို့ခေါ်တဲ့ Sustainable Development Goals မှာ တိတိကျကျ အချက်ပန်းတိုင် ၁၇ ချက်ရှိတယ်။ အဲဒီ ၁၇ ချက်မှာ ပန်းတိုင်အမှတ် - ၄ က ပညာရေးပန်းတိုင်ဖြစ်ပါတယ်။ အဲဒီပန်းတိုင်မှာ အရည်အသွေးရှိတဲ့ ပညာကိုပေးဖို့ ဘဝတစ်သက်တာ ပညာအခွင့်အလမ်းဆိုတာ ပါလာ ပါတယ်။ ဒါက မှတ်သားလောက်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာအမျိုးသားပညာရေးမူဝါဒစီမံကိန်းရဲ့ မျှော်မှန်းချက် ကာလအားဖြင့် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အထိ အဲဒီ မျှော်မှန်းချက်မှာလည်း ကျွန်တော်တို့ တိတိကျကျ ဆရာများရဲ့အခန်းကဏ္ဍပါပါတယ်။ ၂၀၁၄ ခုနှစ် ပညာရေးဥပဒေမှာလည်း အခန်း (၉) မှာ ဆရာများရဲ့ အခန်းကဏ္ဍပါပါတယ်။ ဒါက ကျွန်တော်တို့ မူဝါဒအပိုင်းနဲ့ ပတ်သက်တာပါ။ နောက်ကျွန်တော်တို့ရဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ထုံးစံမှာ ဆရာကို အာစရိယ ဆရာ၊ သင်တဲ့ ဆရာ၊ ဥပဇ္ဈာယ် ဆရာ၊ ဆုံးမတဲ့ ဆရာဆိုပြီး ဆရာအား မြတ်မြတ်နိုးနိုး လေးစားတန်ဖိုးထားပြီးတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှိပါတယ်။ ဒါက အလွန်မွန်မြတ်တဲ့ ကိစ္စပါ။ ဆရာကို အနန္တဂိုဏ်းဝင်အဖြစ်ထားတဲ့ မြန်မာ့ယဉ်ကျေးမှု လူ့အဖွဲ့အစည်းပါ။

 

အဲဒီမှာ ဆရာလို့ ပြောလိုက်တဲ့အခါ ဆရာဆိုတာက အမျိုးသမီးဆရာရော၊ အမျိုးသားဆရာရော အကျုံးဝင်ပါ တယ်။ အခုအမျိုးသားဆရာဦးရေ နည်းပါးလာတာနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ နောက်ကြောင်းပြန်ကြည့် ပါတယ်။ အမျိုးသားဆရာနဲ့ အမျိုးသမီးဆရာများသည် ဘယ်လိုအခြေအနေရှိခဲ့လဲဆိုတာ ကျွန်တော့်ကိုယ်တွေ့ပါ။ ဒုတိယကမ္ဘာစစ်မတိုင်မီက ကျောင်းသုံးမျိုး သုံးစားရှိ ပါတယ်။ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ သင်ကျောင်း၊ မြန်မာဘာသာသင်ကျောင်းဆိုပြီး ပုဂ္ဂလိကကျောင်းတွေပါ ပါဝင်ပါတယ်။ အဲဒီမှာကြည့်ရင် ကျွန်တော်ကိုယ်တိုင်က အမျိုးသားကျောင်းသားပါ။ အဲဒီခေတ်က ကျွန်တော်တို့ဆရာတွေက အများအားဖြင့် ဆရာတွေများပါတယ်။ ဆရာမကတော့ အနည်းစုပါပဲ။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် ဆရာလောကက ဆရာတွေ တော်တော်များများ အနားယူသွားကြတယ်။ ပြီးတော့မှ ပြန်စုစည်းပြီး အဲဒီကျတော့ ကျောင်းက နိုင်ငံတော်ကျောင်း၊ State School လို့ ခေါ်တယ်။

 

State Primary School ၊ State Post – Primary School၊ မြန်မာလိုပြောရင်တော့ နှစ်ကျောင်းပဲ၊ နိုင်ငံတော် မူလတန်းကျောင်း၊ နိုင်ငံတော် မူလတန်းလွန်ကျောင်း၊ တန်းမြင့်ကျောင်းလို့လည်း ခေါ်တယ်။ အဲဒီမှာ ကျွန်တော် ကျောင်းနေခဲ့ရတယ်။ အဲဒီအချိန်ကို ပြန်ကြည့်တဲ့အခါ ဆရာဦးရေက နည်းနည်းလျော့သွားတာ တွေ့ရတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ နိုင်ငံတော်ကျောင်းတွေမှာ အဲဒီလို ဆရာတွေ လျော့သွားတာ သတိထားမိတယ်။ ကျွန်တော်ကိုယ်တိုင် ၁၉၅၄ ခုနှစ်မှာ အထက်တန်း ကျောင်းအုပ်လုပ်တဲ့အခါ ကျွန်တော့်ကျောင်းမှာရော၊ အခြား ကျောင်းတွေမှာရော ဆရာအထိုက်အလျောက် ရှိပါတယ်။

 

သို့သော် နည်းတယ်။ ၁၉၆၄ ခုနှစ်မှာ ဆရာအတတ်သင် ကျောင်းအုပ်လုပ်ခဲ့တယ်။ အဲဒီမှာလည်း သင်တန်းသားတွေကို သတိထားကြည့်မိတဲ့အခါ အမျိုးသားဦးရေက အထိုက်အလျောက်တော့ ရှိပါတယ်။ သို့သော် အမျိုးသမီးဦးရေက နည်းနည်းသာလွန်တာ တွေ့ရပါတယ်။ ၁၉၆၄ ခုနှစ် နောက်ပိုင်းမှာ အမျိုးသားဆရာဦးရေက သိသိသာသာ လျော့ပါးပြီးတော့ အမျိုးသမီးဆရာများက သိသိသာသာ ဦးရေတိုးပွားလာတာကို တွေ့ရတယ်။ ဘာကြောင့် ဒီလိုအခြေအနေ ပြောင်းလာရလည်းဆိုတာကို ဒီစကားဝိုင်းကနေ အကြောင်းရင်းကိုရှာဖို့ လိုပါတယ်။ အကြောင်းရင်းကိုရှာပြီးရင် ကုစားနိုင်မယ့်နည်းလမ်း ကို ဆွေးနွေးရှာဖွေနိုင်ဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။

 

ဒါက အခြေအနေကို အချုပ်အားဖြင့် တင်ပြခြင်းဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ အမျိုးသားဆရာနဲ့ အမျိုးသမီးဆရာ စီအစဉ်မှူး မျှတဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ ကို ဆရာကြီးအနေနဲ့ သုံးသပ်ပြောကြားပေးပါ။

 

ဦးထွန်းလှ။ ။ အမျိုးသားဆရာနဲ့ အမျိုးသမီးဆရာ မျှတဖို့ လိုအပ်တဲ့အကြောင်းရင်းကတော့ ဆရာကြီးတို့ ပြောသွားသလို အမျိုးသားမူဝါဒစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ အခြေခံပညာရေးရဲ့ အဓိကရည်မှန်းချက်က ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘက်စုံပညာဖွံ့ဖြိုးတဲ့ ကလေးတွေ ပြုစု ပျိုးထောင်ဖို့အတွက် အခြေခံကျောင်းတွေမှာ လိုအပ်နေတယ်လို့ ယူဆတာကြောင့် ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့နေရာမှာ လက်တွေ့ပြုစုပျိုးထောင်ပေးနိုင်ဖို့က ကျွန်တော်တို့ ဆရာတွေလည်း လိုအပ်သလို ဆရာမတွေလည်း လိုအပ်တယ်လို့ ယူဆတာကြောင့် ဆရာ ဆရာမဦးရေ တိုးချဲ့ခန့်ထားပေးဖို့ လိုပါမယ်။

 

အစီအစဉ်မှူး။ ။ ကနေ့ ဆွေးနွေးပွဲရဲ့ စကားဝိုင်းခေါင်းစဉ် စီအစဉ်မှူး ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ လက်ရှိ ဆရာ ဆရာမ အရေအတွက် ဘယ်လောက်အထိ ကွာဟနေတယ်ဆိုတာလည်း သုံးသပ်ပြောကြားပေးပါ။

 

ဦးကိုလေးဝင်း။ ။အခြေခံပညာကဏ္ဍမှာ ကျောင်းပေါင်း ၄၇၀ဝ၅ ကျောင်း ရှိပါတယ်။ အဲဒီ ကျောင်းတွေမှာ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ် စတဲ့ သင်ကြားရေးတာဝန်ကို ယူရတဲ့ လူ့စွမ်းအားအရင်းအမြစ် ဆရာ ဆရာမတွေရဲ့ အရေအတွက်ကိုကြည့်လိုက်ရင် တစ်နိုင်ငံလုံးမှာ စုစုပေါင်း ၄၀၂၃၇၄ ယောက် ရှိပါတယ်။ အဲဒီမှာ ဆရာအချိုးနဲ့ ဆရာမအချိုးကိုကြည့်ရင် ကျားက ၁၇ ရာခိုင်နှုန်း၊ မက ၈၃ ရာခိုင်နှုန်း ရှိနေပါတယ်။

 

စောစောက ဆရာကြီး ဦးထွန်းလှ ဆွေးနွေးသွားတဲ့ အထဲမှာလည်းပါပါတယ်။ အခြေခံပညာရေးရဲ့ အဓိက ရည်မှန်းချက်က ဘက်စုံထူးချွန်တဲ့ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းကလေးတွေ၊ ကမ္ဘာ့လူသားကောင်း ကလေးတွေဖြစ်ဖို့ မွေးထုတ်လေ့ကျင့်တဲ့အခါ ဘက်စုံပညာရေးကိုသွားရင် ဆရာတွေလည်း အရေးကြီးသလို ဆရာမတွေလည်း အရေးကြီးပါတယ်။

 

ဆရာမအရေ အတွက်က ကျောင်းတွေကို ကြည့်လိုက်တဲ့ အခါမှာ တချို့ကျောင်းတွေမှာ ဆရာမတွေပဲရှိပြီး ဆရာ တစ်ယောက်မှမရှိတဲ့ ကျောင်းတွေလည်း တွေ့နေရတယ်။ အဲဒီလို တွေ့နေရတဲ့အခါမှာ ဆရာအရေအတွက်က သေချာပေါက် တိုးမြှင့်ခန့်ထားဖို့လိုနေပြီဆိုတာ အချက် အလက်တွေက ထောက်ပြနေတယ်။ ဒီလိုထောက်ပြနေ တာဖြစ်တဲ့အတွက် စကားဝိုင်းတွေ တစ်နည်းအားဖြင့် ပြောရင် ပညာရေးကဏ္ဍမြှင့်တင်ရေး အစီအစဉ်တွေကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆- ၂၀၂၁ ကို အကောင်အထည်ဖော်တဲ့အခါမှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ဆရာအရေအတွက်နဲ့ ဆရာမအရေအတွက် အတော်ကြီးကွာဟနေတာကြောင့် ပညာရေးကို အကောင်အထည်ဖော်တဲ့အခါ ပိုပြီးကောင်းလာအောင် မူဝါဒတွေ ချမှတ်ဖို့လိုပါတယ်။ နောက်ပြီးတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူလူထုကို အသိပေးဖို့လိုတာ ဖြစ်တဲ့အတွက် စကားဝိုင်းတွေကို ကျင်းပပေးဖို့ဆိုပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် မူဝါဒကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကနေ ဒီပြည်သူတွေကို ဒီအချက်အလက်တွေကို အသိပေးဖို့ လိုတယ်။ ဒါကြောင့် ဒီစကားဝိုင်းကို ခေါင်းစဉ်အနေနဲ့ဆိုရင် ဆရာတွေရဲ့ အခန်းကဏ္ဍ၊ အခြေခံပညာရေးကဏ္ဍမှာ ဆရာတွေရဲ့ အခန်းကဏ္ဍနဲ့ အမျိုးသားဆရာတွေ ပိုပြီးတိုးမြှင့်ခန့်ထားဖို့အပြင် ဒီစကားဝိုင်းကနေ ပြည်သူလူထုက ကြည့်ရှုပြီးတော့မှ ဆရာဘဝကို မြတ်နိုးပြီး ဆရာတွေအနေနဲ့ ပညာရေးကဏ္ဍမှာပိုပြီး ပါဝင်လာစေဖို့အတွက် ရည်ရွယ်ပြီး စကားဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ဆရာ ဆရာမ ရွေးချယ်ရေးအတွက် စီအစဉ်မှူး ဘယ်လိုတွေ စီစဉ်ဆောင်ရွက်နေသလဲ ဆိုတာ ရှင်းပြပေးပါဦး။

 

ဒေါက်တာအောင်အောင်မင်း။ ။ ကျွန်တော်တို့ ပညာရေးကောလိပ်တွေကို တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့သူတွေ တက်ရပါတယ်။ တက်ခွင့်ပေးတော့ ကျွန်တော်တို့ ရွေးချယ်တာက ဒီနှစ်မှာမှ မဟုတ်ပါဘူး။ ငါးနှစ်လောက်အတွင်းက အချက်အလက်တွေ ပြန်ကြည့်တဲ့အခါ တက္ကသိုလ်ဝင် စာမေးပွဲအောင်တာကိုက မိန်းကလေးအရေအတွက်က များပါတယ်။ အဲဒီအတွက် လျှောက်ထားတဲ့သူကလည်း မိန်းကလေးများပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ ဝင်ခွင့်ကို မနှစ်ကစပြီး ရွေးချယ်တာက မြို့နယ်အလိုက် အခြေခံပါတယ်။ မြို့နယ်မှာရှိတဲ့ မူလတန်းကျောင်းသား အရေအတွက် (ဥပမာဆိုရင် - ကမာရွတ်မြို့နယ်မှာရှိတဲ့ မူလတန်းကျောင်းသား အရေအတွက်ရယ်၊ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးမှာရှိတဲ့ မူလတန်းကျောင်းသား အရေအတွက်ရယ်၊ နောက်ဒီမြို့နယ်က တက်ရမယ့် ကျောင်းက ရန်ကင်းပညာရေးကောလိပ်ရဲ့ ဝင်ဆံ့အင်အား ဒီအတိုင်းခွဲပြီးတော့ မြို့နယ်အလိုက် ခွဲတမ်း ချထားပါတယ်။ ဒီလိုချထားပြီးတော့မှ ဥပမာ ဒီမြို့နယ် က လူ ၂၀ တက်ရမယ်ဆိုရင် ကျွန်တော်တို့လည်း ဘာသာရပ်က စုံအောင်ခေါ်ရပါတယ်။ သိပ္ပံတွဲနဲ့အောင်လာတဲ့ လူ၊ ဝိပ္ပံတွဲနဲ့ အောင်လာတဲ့လူ၊ ဝိဇ္ဇာတွဲနဲ့ အောင်လာတဲ့ လူ အဲဒါဆိုရင် သိပံ္ပတွဲက ၃၀ ရာခိုင်နှုန်း၊ ဝိပ္ပံတွဲက ၄၀ ရာခိုင်နှုန်း၊ ဝိဇ္ဇာတွဲက ၃၀ ရာခိုင်နှုန်း၊ အဲဒီလို ၃၀၊ ၄၀၊ ၃၀ အချိုးနဲ့ ခေါ်ပါတယ်။ အဲဒီထဲကမှ သိပ္ပံနဲ့အောင်တဲ့ လူ ၃၀ ရာခိုင်နှုန်းမှာ တစ်ဝက်က ယောကျာ်းလေး၊ တစ်ဝက်က မိန်းကလေး ဒီအတိုင်းရွေးပါတယ်။ ရွေးပေမယ့် လျှောက်ထားတဲ့သူအရေအတွက်မှာ ယောကျာ်းလေး ရှားပါးတဲ့အရေအတွက်က အဲဒီမှာ စတွေ့ပါတယ်။

 

ဥပမာအနေနဲ့ ပြောမယ်ဆိုရင် ဒီနှစ်လက်ရှိ ရွေးပြီးတော့ ကျောင်းစတက်နေပြီ။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ဝိဇ္ဇာဘာသာတွဲကလျှောက်ထားတဲ့ ယောကျာ်းလေးကရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးမှာ ၃၁ ယောက် ရှိပါ တယ်။ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအတွက် တကယ် ရွေးချယ်ရမယ့် ခွဲတမ်းက ၁၀၉ ယောက်ရှိတယ်။ အဲဒီ အတွက် ယောကျာ်းလေးလျှောက်ထားမှုနှုန်း နည်းနေတယ်။ အဲဒီအခါကျတော့ ရွေးတာက ဘယ်လို ရွေးသလဲ ဆိုတော့ ပထမဦးစားပေး ( ဥပမာပြောရရင် ) ကမာရွတ်မြို့နယ်မှာ ယောကျာ်းလေး ဦးရေလိုတယ်။ မြို့နယ်မှာ ယောကျာ်းလေး လျှောက်ထားမှုမရှိဘူးဆိုရင် ခရိုင်မှာ ရှိမလား ဆက်ရှာရတယ်။ ခရိုင်မှာမရှိဘူးဆိုရင် တိုင်းဒေသကြီးမှာ ဆက်ရှာတယ်၊ တိုင်းဒေသကြီးကျတော့ ကျွန်တော်တို့က မစဉ်းစားသေးဘူး။

 

အဲဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးလိုဟာမျိုးဆိုရင် သတ်မှတ်တဲ့ ယောကျာ်း လေးဦးရေက တစ်တိုင်းလုံးရှာတောင် မရနိုင်ဘူး ဖြစ်သွားတယ်။ တချို့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ပိုလျှံပြီးတော့တောင် လျှောက်ပါတယ်။ စာရင်းဇယားတွေအရ ပြောလို့ရတာက ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးက ယောကျာ်းလေး တော်တော်များများက ဒီကျောင်းဆရာအလုပ်ကို လျှောက်ထားမှု အားနည်းတယ်။

 

နောက်ပြီး ကယားပြည်နယ်တို့လို၊ ရှမ်းအရှေ့ပိုင်းတို့လို နယ်နိမိတ်ဧရိယာမှာရှိနေတဲ့ အဖွဲ့တွေက ယောကျာ်းလေးတွေအနေနဲ့ လျှောက်ထားမှုနှုန်း နည်းပါးတယ်။ ကျွန်တော်တို့ ရွေးချယ်တာက မြို့နယ်ကို အခြေခံ ပါတယ်၊ ဘာသာရပ်ကို အခြေခံပါတယ်၊ မူလတန်း ကျောင်းသားရှိနေတဲ့ နေရာကို အခြေခံပြီးတော့ ရွေးချယ်ပါတယ်၊ ကျား၊ မလည်း တန်းတူညီမျှ ရွေးချယ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ပညာရေးနယ်ပယ်မှာ ဆရာဖြစ် စီအစဉ်မှူး သင်တန်းတွေ လျှောက်ထားတဲ့အခါ လျှောက်ထားတဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။

 

ဒေါက်တာအောင်အောင်မင်း။ ။ ကျွန်တော်တို့က ဒါက်တာအောင်အောင်မင်း သတင်းစာတွေ ထဲကနေ လျှောက်လွှာခေါ်တဲ့အခါ သူတို့လျှောက်ထားကြတယ်။ ကျွန်တော်တို့အနေနဲ့က မူတွေချမှတ်ပြီး လုပ်တယ်။ အခက်အခဲတွေ့တာက ဒီနှစ် ဝိဇ္ဇာဘာသာတွဲ မှာဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်တဲ့ ယောကျာ်းလေး ၅၉၁၄ ဦးရှိတယ်။ အဲဒီထဲကမှ ကျွန်တော်တို့ ပညာရေးကောလိပ်ကို တက်ပါမယ်ဆိုပြီး လျှောက်လာတဲ့ လူက ၃၄၆၃ ဦးရှိတယ်။ လျှောက်တဲ့ အနေအထားလည်း ကောင်းပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အနေအထားကို ရတယ်။

 

ဒါပေမယ့် ကျွန်တော်တို့ရွေးချယ်တဲ့မူကိုက မြို့နယ်ကို အခြေခံတာ။ အဲဒါက အဓိကကတော့ အရင်က လေး၊ ငါး၊ ခြောက်နှစ်လောက်က ရွေးချယ်တာက တစ်နိုင်ငံလုံးကြိုက်တဲ့နေရာကို လျှောက်ခွင့်ပေးပါတယ်။ အမှတ်ကို အဓိကထားရွေးတယ်၊ အဲဒါကြောင့် ရန်ကုန်၊ မန္တလေးအောင်တဲ့လူက ရှမ်းပြည်နယ်ကို သွားရင်သွားမယ်၊ ကချင်ပြည်နယ်သွားရင်သွားမယ်။ အဲဒီမှာ ပညာရေး ကောလိပ်တက်မယ်။ နောက်မူလတန်းပြ ဆရာလုပ်မယ်။ တစ်နှစ်၊ နှစ်နှစ် မူလတန်းပြဆရာလုပ်ပြီးတာနဲ့ အပြောင်းအရွှေ့လုပ်ပြီး မန္တလေးဘက်ကလာရင် မန္တလေးဘက် ပြန်သွားမယ်၊ ရန်ကုန်ဘက်ကလာရင် ရန်ကုန်ဘက်ပြန်သွားမယ်ဆိုတဲ့ အခြေခံပညာမှာ အပြောင်းအရွှေ့ ကိစ္စက တော်တော်ကြီးကြီးမားမား ဆောင်ရွက်ရတာ၊ သူတို့ပြန်သွားတာနဲ့ ဟိုဘက်မှာ မူလတန်းပြဆရာတွေ မကျန်ခဲ့တော့ဘူး။

 

အဲဒါနဲ့ ကျွန်တော်တို့က နှစ်နှစ်ရှိပါပြီ။ ကျွန်တော်တို့ အခြေခံပြီးရွေးတာက မြို့နယ်အလိုက်ပဲလျှောက်၊ အဲဒီ မြို့နယ်အလိုက်မှာပဲ အဲဒီမြို့နယ်နဲ့ သက်ဆိုင်တဲ့ ပညာရေးကောလိပ်မှာတက်ပြီးရင် အဲဒီပညာရေးကောလိပ်က ဆင်းလာတာနဲ့ အခြေခံပညာဦးစီးဌာနကလည်း သူ့မြို့နယ်အတွင်းမှာပဲ အတတ်နိုင်ဆုံး သူ့အိမ်၊ သူ့ရာနဲ့ နီးတဲ့နေရာမှာပဲ တာဝန်ချထားပေးတဲ့အတွက် အပြောင်း အရွှေ့ကိစ္စမှာ အဆင်ပြေတယ်၊ အဲဒီမူလေးတွေနဲ့ ရွေးချယ်နေတာပါ။

(ဆက်လက်ဖော်ပြပါမည်)

Share this on Social Media