ငဖဲမြို့အထကတွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ငဖဲ ၂ ဇန်နဝါရီ

 

မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ဇန်နဝါရီလ ၂ ရက် နံနက် ၉ နာရီက ၂၀၁၉ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် "လွတ်လပ်ရေးအမွေထိန်းသိမ်းစို့လေ" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ အထက်တန်းဆင့်စာစီစာကုံး ဝင်ရောက်ယှဉ်ပြိုင်သူ ၁၂ ဦး၊ အလယ်တန်းဆင့်စာစီစာကုံး ဝင်ရောက်ယှဉ်ပြိုင်သူ ၂၃ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား ကျောင်းသူများအား (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)

Share this on Social Media