တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄/၅၆)ရှိ ခြံဝင်းအတွင်းသို့ မီးလောင်စေတတ်သည့် ဖန်ပုလင်းတစ်လုံး ပစ်သွင်းသွားသော သံသယရှိသူအားဖမ်းဆီးရမိ

ရန်ကုန် ၂ ဖေဖော်ဝါရီ

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄/၅၆)ရှိ ခြံဝင်းအတွင်းသို့ (၁-၂-၂၀၁၈) ရက်နေ့တွင် မီးလောင်စေတတ်သည့် ဖန်ပုလင်းတစ်လုံး ပစ်သွင်းသွားသော သံသယရှိသူအားဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ 
တရားခံအား ယနေ့နံနက် ၃ နာရီခန့်တွင် မြကျွန်းသာ ပန်းခြံမှာ ဖမ်းမိတယ်လို့ သိရပါတယ်။ သံသယရှိသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ကနဦး သိရသည်။

MDN

 

Share this on Social Media