မြေထိန်းနံရံပြိုကျမှုကြောင့် နေအိမ် ၁၂ လုံး ပျက်စီးမျောပါ

မြောက်ဦး ၅ ဖေဖော်ဝါရီ

 
မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခန့်က ကျေးရွာမြစ်ကမ်းပါး မြေထိန်းနံရံ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ မြစ်ကမ်းပါ ပြိုကျရာတွင် လူနေအိမ် ၁၂ လုံး ပါသွားခဲ့ပြီး အနီးရှိ နေအိမ် ၉ လုံးမှာ စိုးရိမ်ရသဖြင့် မိမိအစီအစဉ်ဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။  အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ အိမ်ထောင်စု ၁၂ စု အမျိုးသား ၃၀၊ အမျိုးသမီး ၆၄ ဦးမှာ နီးစပ်ရာ မိသားစုနေအိမ်များတွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။

 

MDN

 

Share this on Social Media