ကိုလံဘီယာ အလုပ်လက်မဲ့တွေရရှိမယ့် ချစ်သူများနေ့ နှင်းဆီအခွင့်အရေး

ဘိုဂိုတာ ၁၂ ဖေဖော်ဝါရီ

 

ကမ္ဘာ့ အကြီးမားဆုံး ပန်းတင်ပို့ရောင်းချသူ ဈေးကွက်ပိုင်ဆိုင်ထားတဲ့ ကိုလံဘီယာမှာ ချစ်သူများနေ့ဟာ အလုပ်ရှုပ်တဲ့နေ့ တစ်နေ့ဖြစ်တာကြောင့် ဘိုဂိုတာအနီးရှိ ဂရင်းဟောက်စ်မှာ အလုပ်သမား လိုအပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

 

 

ရူဗီလာ မန်ဒက်ဇ်နဲ့ ဝီလီယံ ပီရက်ဇ် တို့ဟာ သူတို့ရဲ့ ကူကူတာမြို့ကနေ မိုင်ပေါင်း ၃၀ဝ အကွာခန့်က ဗင်နီဇွဲလား အရှေ့နယ်စပ်တောတန်းရှိ အဆောက်အအုံကြီး တစ်ခုအတွင်းမှာ နှင်းဆီပန်းတွေကို ပြင်ဆင်နေကြပါတယ်။

 

ပြီးတော့ ကိုလံဘီယာနဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေဟာ အမေရိကန်ကို ရနံ့မွှေးပန်းတွေ တင်ပိုု့ဖို့ ၁၂ နာရီကြာ ခရီးအတွက် ဘတ်စ်ကားတွေပေါ် နှင်းဆီပန်းတွေ တင်ဆောင်ရင်း အလုပ်ရှုပ်နေကြပါတယ်။

 

ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ဟာ အမေရိကန်တွေအတွက် နှစ်တစ်နှစ်မှာ လက်ဆောင်အများဆုံး အသုံးပြုတဲ့ နေ့လေးတစ်နေ့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူများနေ့ဟာ အမေရိကန်နိုင်ငံဆီကို ပန်းတင်ပို့မှု ၇၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ ကိုလံဘီယာအတွက် ငွေရပေါက်ကြုံမယ့် အခွင့်အရေးတစ်ခုဖြစ်လို့ နေပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလနဲ့ နိုဝင်ဘာလကြား ကိုလံဘီယာပန်းဈေးကွက်ကနေ ဝင်ငွေပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

 

နှင်းဆီပန်းတွေ ပြင်ဆင်ပေးရုံနဲ့ သူတို့ရရှိကြတဲ့ အနည်းဆုံးလုပ်အားခဟာ တစ်လမှာ ဒေါ်လာ ၃၀ဝ ဖြစ်ပေမယ့်လည်း မန်ဒက်ဇ်နဲ့ ပီရက်ဇ်အပြင် နယ်စပ်မှ အလုပ်သမားတွေအတွက် ပုံမှန်ရရှိနေတဲ့ ဝင်ငွေထက် ပိုမို သာလွန်နေပါတယ်။ ကိုလံဘီယာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၀ ရာခိုင်နှုန်းသာ ရှိပေမယ့်လည်း ကူကူတာမှာ အလုပ်လက်မဲ့ အရေအတွက် သိသိသာသာ တိုးလာပြီး ပြီးခဲ့တဲ့နှစ်က ၁၆ ရာခိုင်နှုန်းအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

 

(MDN)

 

ကိုးကား-AFP

Share this on Social Media