ဆိုင်ကလုန်းမုန်တိုင်းကြောင့် တွန်ဂါနိုင်ငံတွင်း အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားရ

၁၂  ဖေဖော်ဝါရီ

 

 

ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ တွန်ဂါမှာ အဆင့် ၅ အထိ အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဒဏ် ခံရနိုင်ဖွယ် ရှိတာကြောင့် နိုင်ငံတွင်း အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားရတယ်လို့ သိရပါတယ်။ အပူပိုင်းမုန်တိုင်း ဆိုင်ကလုန်းဂီတာ ဟာ အနီးအနားဆာမိုအာမှာ အပြင်းအထန် တိုက်ခတ်ပြီးနောက် တွန်ဂါဘက်ဆီကို ရွေ့လျားလာနေတာဖြစ်ပါတယ်။

 

 

ဒါကြောင့် ဝန်ကြီးချုပ် ဆီမီစီဆီကာကနေ မုန်တိုင်းတိုက်ခတ်မှုဒဏ်ကြုံရနိုင်ကြောင်း နိုင်ငံတစ်ဝန်း သတိပေးချက်ထုတ်ပြန် ခဲ့တာပဲဖြစ်ပါတယ်။  မုန်တိုင်းဂီတာဟာ တွန်ဂါကို တနင်္လာနေ့ည မတိုင်ခင် အဆင့်သတ်မှတ်ချက် ငါးအထိရောက်ရှိ တိုက်ခတ် သွားဖွယ်ရာရှိကြောင်း ဖီဂျီမိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားပါတယ်။

 

 

နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးကျွန်းဖြစ်တဲ့ တွန်ဂါတာပူအရှေ့ဘက်ကမ်းရိုးတန်းမှာလည်း လေတိုက်နှုန်းဟာ တစ်နာရီ မိုင်ပေါင်း ၁၇၀ ခန့်ရှိနေတယ်လို့ သိရပါတယ်။ ဖျက်နှုန်းအားကောင်း ဟာရီကိန်းလေတိုက် နှှုန်းဒဏ်နီးပါးခန့် ဒေသခံတွေ ကြုံတွေ့နိုင်လိမ့်မယ်လို့ တွန်ဂါ ဖူအာမိုတူ မိုးလေဝသခန့်မှန်းချက်ဌာနက သတိပေးထားပါတယ်။

 

 

ဆာမာအိုမှာ သောကြာနေ့ညတစ်ညလုံး မုန်တိုင်းဂီတာ ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ရေကြီးခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းတွေ ကြုံတွေ့ခဲ့ရပြီး လူဦးရေပေါင်း ၂၀ဝ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရတယ်လို့ သိရပါတယ်။

 

 

လူဦးရေပေါင်း ၇၅၀ဝ၀ ကျော်နေထိုင်တဲ့ မြို့တော် Nuku’alofa မှာလည်း အခြေအနေဆိုးရွားနေပါ။

 

 

(MDN)
ကိုးကား-AFP

Share this on Social Media