သိပ္ပံပညာရှင်များ၏ လေ့လာချက်အရ ၂၀၅၀ တွင် နေ၏အပူချိန် ထူးထူးခြားခြား လျော့ကျနိုင်

ဝါရှင်တန် ၁၂ ဖေဖော်ဝါရီ

 

ကယ်လီဖိုးနီးယားနဲ့ ဆန်ဒီရေဂိုတက္ကသိုလ်က သိပ္ပံပညာရှင်များဟာ နေရောင်ခြည်စက်ဝန်း အတွင်း အအေးရပ်ဝန်းကို လေ့လာရာမှာ နေရဲ့အပူချိန်ဟာ ၂၀၅၀မှာ ထူးထူးခြားခြား လျော့ကျ လာနိုင်ကြောင်း ယူဆထားတယ်လို့ သိရပါတယ်။

 

အဆိုပါ ဖြစ်စဉ်ကာလကို "grand-minimum" လို့ အမည်ပေးထားပြီး နေရဲ့အပူချိန်ဟာ (၇)ရာခိုင် နှုန်း လျော့ကျလာနိုင်ကြောင်းနဲ့ ဆယ်စုနှစ်အတွင်းမှာ ထူးထူးခြားခြား ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ ၎င်းကာလအတွင်းမှာ ကမ္ဘာ့အပူချိန်ဟာ ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။ 

 

၁၇ ရာစု အလယ်ပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ “ Maunder Minimum”  အမည်ရှိတဲ့ ဖြစ်စဉ်မှာလည်း သိမ်းစ်မြစ်ရေပြင် အေးခဲ့သွားခဲ့တဲ့အထိ အပူချိန်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

 

“Maunder Minimum” ဖြစ်ပေါ်စဉ်ကာလအတွင်းမှာလည်း ကမ္ဘာတစ်ဝန်း အပူချိန်ဟာ မတူညီ နိုင်ဘူးလို့ သိရပါတယ်။ ဒါပေမယ့်“Maunder Minimum” ကာလအတွင်း ဥရောပ ရာသီဥတုဟာ အေးမြနေပြီး အလက်စ်ကာနဲ့ ဂရင်းဒ်လန်းတောင်ပိုင်းမှာ ရာသီဥတုပူခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာ ကမ္ဘာကြီးပူနွေးလာစေမယ့် သဘာဝဖြစ်ရပ်တစ်ခုအဖြစ် ပေါ်ပေါက်လာပေမယ့် သိပ္ပံပညာရှင်တွေကတော့ လက်မခံကြသေးပါဘူး။ "grand-minimum" ဖြစ်စဉ်ရဲ့ အေးမြမှု ကြောင့် ကမ္ဘာ့အပူချိန်ဟာ လျော့ကျလာနိုင်ကြောင်းနဲ့ ဒါဟာရပ်တန့်လို့ မရဘူးလို့ လက်ခံထား ကြပါတယ်။

 

"grand-minimum" ဖြစ်စဉ်ကြောင့် ၂၀၂၀ နဲ့ ၂၀၇၀ ကြားမှာ ကမ္ဘာကြီးဟာ သုည ဒသမ ၂၅  ရာခိုင်နှုန်းလောက် အေးမြလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ပြန်ထားပြီး  ၎င်းတို့ရဲ့ တွေ့ရှိချက်ကို ချီကာဂိုအခြေစိုက် ရူပနက္ခတ္တဗေဒ ဂျာနယ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရပါတယ်။

 

MDN

 

Share this on Social Media