ဒီဂျစ်တယ်ငွေကြေးကုန်သွယ်မှု ထိုင်းဘဏ် တားမြစ်

ဘန်ကောက် ၁၃ ဖေဖော်ဝါရီ

 

ထိုင်းဘဏ် (Bank of Thailand) က ပြည်တွင်းဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့် ဒီဂျစ်တယ် ငွေကြေးအရောင်းအဝယ် မပြုလုပ်ကြဖို့  တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

 

 

အဆိုပါ ဒီဂျစ်တယ်ငွေကြေးများကို  တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုထားခြင်း မရှိသည့်အတွက် ထိန်းချုပ်ဖို့ တရားဝင် စည်းမျဉ်းဥပဒေများ မရှိကြောင်း၊ ဒါကြောင့် ဒီဂျစ်တယ်ငွေကြေး အရောင်းအဝယ်နှင့် ရင်းနှီးမြှုပ်နှံမှုတွေ မပြုလုပ်ကြဖို့ ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေနဲ့ အကြွေးဝယ်ကဒ် ကုမ္ပဏီတွေကို တနင်္လာနေ့မှာ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ 

 

ဘဏ္ဍာရေး အဖွဲ့အစည်းများ အနေဖြင့် ဘဏ်ဝန်ဆောင်မှု ရယူသူများကို  ခရက်ဒစ်ကဒ် အသုံးပြုပြီး ဒီဂျစ်တယ်ငွေကြေး ဝယ်ယူခွင့်ပြုခြင်း၊ ဒီဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှုအတွက် အကြံဉာဏ်ပေးခြင်း မပြုလုပ်ကြဖို့ကိုလဲ တောင်းဆိုခဲ့ကြောင်း အန်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရပါတယ်။

 

ဘာသာပြန် > မိုးမမ

Share this on Social Media