တောင်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေးခဲ့

၁၃ ဖေဖော်ဝါရီ

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်က ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရေး လက်တွေ့ကျကျ ဆောင်ရွက်ကြဖို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ညွှန်ကြားခဲ့တယ်လို့ မြောက်ကိုရီးယား မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ယခုအခါ ကိုယ်စားလှယ်အဖွဲ့ဟာ တောင်ကိုရီးယားကနေ ပြန်လည်ထွက်ခွာလာပြီ ဖြစ်ပါတယ်။

 

မြောက်ကိုရီးယား အာဏာရပါတီ ထုတ်ဝေတဲ့ သတင်းစာ မျက်နှာဖုံးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နဲ့ ၎င်းရဲ့ညီမဖြစ်သူ ပါဝင်လိုက်ပါသွားတဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင်တွေ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ဖော်ပြထားပါတယ်။ ကင်မ်က ကိုယ်စားလှယ် အဖွဲ့ခရီးစဉ်နဲ့ အဖွဲ့ဝင်များ အစစအရာရာ အဆင်ပြေ ချောမွေ့စေရေး စေတနာထား အထူးအလေး ပေးဆောင်ရွက်ခဲ့သည့်အတွက် တောင်ကိုရီးယား အစိုးရကို ကျေးဇူးအထူးတင်ရှိကြောင်း သတင်းတွေမှာ ပါရှိပါတယ်။ 

 

အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ ခရီးစဉ်အတွင်း တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း နဲ့ တခြား ဌာနဆိုင်ရာတွေကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့မှာဖြစ်ပြီး ပြန်လည်ရောက်ရှိတဲ့အခါ ကင်မ်ကို အသေးစိတ်ပြန်လည် အစီရင်ခံသွားမှာဖြစ်ပါတယ်။ 

 

ကိုယ်စားလှယ် အဖွဲ့ဟာ စနေနေ့က တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့တွေ့ဆုံခဲ့ရာမှာတော့ သိပ်မကြာခင် ကာလအတွင်း တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြတယ်လို့လဲ သိရပါတယ်။

 

ဘာသာပြန် > မိုးမမ 
ကိုးကား > အန်အိတ်ချ်ကေ

Share this on Social Media