မြောက်ကိုရီယားနဲ့ ဆွေးနွေးဖို့ အမေရိကန်က အသင့်ပဲလို့ မိုက်ခ်ပန့် ပြော

ဝါရှင်တန် ၁၃ ဖေဖော်ဝါရီ

 

အမေရိကန် အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အဆင်သင့်ရှိကြောင်း အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်က ပြောကြားလိုက်ကြောင်း ဝါရှင်တန်ပို့စ် သတင်းတစ်ရပ်အရ သိရပါတယ်။

 

ပြုံးချမ်း အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ ဒုတိယသမ္မတ မိုက်ခ်ပန့် ရဲ့ တောင်ကိုရီးယား ခရီးစဉ်အပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တဲ့ မှတ်ချက်တစ်ချို့ကို ရည်ညွှန်းပြီး တနင်္ဂနွေနေ့က ဝါရှင်တန်ပို့စ် မှာ ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

 

မြောက်ကိုရီးယားကို အမြင့်ဆုံး ဖိအားတွေ ဆက်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်း ထပ်တိုးလာမှာဖြစ်ကြောင်း၊ ဒါပေမယ့် မြောက်ကိုရီးယားဘက်က ဆွေးနွေးဖို့ ဆန္ဒရှိရင်တော့ အမေရိကန် အနေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ပါရှိပါတယ်။

 

မိုက်ခ်ပန့် ရဲ့မှတ်ချက်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယား အနေနဲ့ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အသင့်ဖြစ်တဲ့ အချိန်မှာ ဆုံးဖြတ်ချက်ချဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရက်တီလာဆန်က ပြောကြားခဲ့ပါတယ်။ 

 

မိုက်ခ်ပန့်ဟာ တောင်ကိုရီးယားကို ရောက်ရှိနေစဉ် အတောအတွင်း မြောက်ကိုရီးယား စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ကိုလဲ ရှောင်ရှားခဲ့ပါတယ်။

 

ဘာသာပြန် > မိုးမမ
ကိုးကား > အန်အိတ်ချ်ကေ

Share this on Social Media