နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားအကြံပေးပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်တို့အား သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော်  ၁၃  ဖေဖော်ဝါရီ 
 
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း၊  အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားအကြံပေးပုဂ္ဂိုလ် H.E.Mr.Rajinder Khanna၊  ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (United  Nations Economic and Social Commission for Asia and the Pacific-UNESCAP)အမှုဆောင် အတွင်းရေးမှူးနှင့် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Dr.Shamshad Akhtar တို့အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းစင်တာ-၂ (MICC-II) ၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။
 
 
 
တရုတ်နိုင်ငံအာရှရေးရာ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ ပြီး  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆက်လက်အကူအညီပေးသွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 
 
 
အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားအကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍအပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
 
 
ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံစဉ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 
 
 
တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
 
 
(MDN)
 
 

Share this on Social Media