မူးမြစ်အတွင်း ကျောင်းသား ၉ ဦးရေဆင်းချိုးရာ ၂ ဦးပျောက်ဆုံးနေ

ခင်ဦး ၁၃ ဖေဖေါ်ဝါရီ 

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင်ရေဦးမူးမြစ်အတွင်း ကျောင်းသား ၉ ဦး ရေဆင်း ချိုးရာမှ ၂ ဦးပျောက်ဆုံးနေကြောင်းသိရသည်။ခင်ဦးမြို့နယ် သက်ပေးအုပ်စု ဇီးတောကျေးရွာအနောက်ဘက်ရှိ ရေဦးမူးမြစ်အတွင်း၌ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်ကအဋ္ဌမတန်း ဘော်ဒါဆောင် ကျောင်းသား များဖြစ်ကြသည့်မောင်လပြည့်ထွန်း၊ မောင်ပြည့်စုံဦး၊ မောင်အောင်ကျော်စိုး၊ မောင်မျိုးမင်းထက်၊ မောင်မျိုးခန့်၊ မောင်ဆက်မျိုးနိုင်၊မောင်ကျော်မြင့်ဋ္ဌေး၊ မောင်ဟိန်းထက်ကျော်နှင့် မောင်ဖိုးလပြည့် တို့ ၉ဦးရေဆင်းချိုးရာမှ မောင်ဖိုးလပြည့်နှင့် မောင်ဟိန်းထက်ကျော်တို့နှစ်ဦးမှာရေနစ်ပျောက်ဆုံးသွားကြောင်းသိရသဖြင့် ညောင်ပင်ကြီး စုရဲကင်းစခန်းတာဝန်ရှိသူများနှင့်  ရွာသူ/ရွာသားများ ပူးပေါင်း၍ ရှာဖွေလျှက်ရှိကြောင်း သိရသည်။

 

ချစ်စံ(ခင်ဦး)

Share this on Social Media