ဆိုင်ကယ်ဆီဖြည့်နေစဉ် ဆေးလိပ်မီးအရှိန်ကြောင့် မီးလောင်မှုဖြစ်ပွား

မော်လမြိုင်    ၁၃  ဖေဖော်ဝါရီ

 

မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် သံလွင်ဈေးအရှေ့တွင်  ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီကျော် က ဆိုင်ကယ်ဆီဖြည့်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရပ်ကွက်နေ ဦးအောင်ဇော်မင်း၏ နေအိမ်ဈေးဆိုင်တွင်  ဆိုင်ကယ်ဆီထည့်နေစဉ် ဆေးလိပ်သောက် သည့် ဆေးလိပ်မီးအရှိန်ကြောင့် ဆိုင်ကယ်ကိုမီး စတင်လောင်ကျွမ်းကာ ဆိုင်ကယ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဆက်လက်ပြီး တစ်ခြားဆီပုလင်းများကို  မီးကူးစက်လောင်ကျွမ်းမှုမှတစ်ဆင့် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

 

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မော်လမြိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ခြောက်စီး၊ မော်လမြိုင် နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီးနှင့် မြိုင်သာယာမီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီးတို့ဖြင့် မီးငြှိမ်း သတ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးကို ဆေးရုံအရေးပေါ်ခန်းသို့ ပို့ဆောင်ထားရသည်။

 

MDN

 

Share this on Social Media