•    လောကရှိအားလုံး လူသတ္တဝါ
     မှီဝဲရပေါ့ အစားအစာ။
•    ရိက္ခာအတွက် အသုံးကျ
     သစ်ပင်သီးနှံ အာဟာရ။
•    အဖိုးတန်လှ သူ့စွမ်းအင်
     နွယ်မြက်သစ်ပင် ဆေးဖက်ဝင်။
•    စိမ်းစိမ်းစိုလွင် အရိပ်အေး
     နေထိုင်ရန်အတွက် သစ်ဝါးပေး။
•    အပူအအေးမျှလို့ မိုးလေမှန်
     သစ်တောသစ်ပင် စွမ်းဆောင်ပြန်။
•    နိုင်ငံအဝန်း စိမ်းလန်းလှ
     မျက်စိပသာဒ ကြည့်မဝ။
•    သဘာဝ၀န်းကျင် သာယာဖို့
     ထိန်းသိမ်းကာကွယ် စိုက်ကြစို့ ။         ။

 

မောင်ပြည့်လှိုင်း (သံတွဲ)

အောက်ခြေမှာ တိရစ္ဆာန်လေး သုံးကောင်ရဲ့ ခြေရာတွေကို (A), (B), (C) နဲ့ အမျိုးအစားခွဲခြားကာ ဖော်ပြထားတယ်။ (A) ရဲ့ ခြေရာဟာ ဘယ်သူလဲ။ (B) ရဲ့ ခြေရာဟာ ဘယ်သူလဲ။ (C) ရဲ့ ခြေရာဟာ ဘယ်သူလဲဆိုတာ ရွှေသွေးလေးတို့က ခြေရာခံပြီး ပြောပြနိုင်သလား။

ကလေးတို့ရေ - ပေးထားတဲ့ ပုံနှစ်ပုံထဲက ကွဲပြားခြားနားတဲ့ အချက် (၁၀) ချက်ကို ရှာဖွေရင်း စူးစမ်းတက်တဲ့ အလေ့အကျင့်၊ အသေးအဖွဲကလေးကအစ မြင်တက်၊ လေ့လာတက်တဲ့ အလေ့အကျင့်ကို ရရှိစေမှာ ဖြစ်ပါတယ်။

Pages