ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ ယနေ့ညနေပိုင်း ၃ နာရီခွဲတွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ၁၀၄၂၅၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စမှာ ၁၂၈၀ ဒေါ်လာဖြစ်သည်။ ပြည်တွင်းငွေလဲလှယ်နှုန်းအနေဖြင့် အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၄၅ ဖြစ်သည်။ 

နိုင်ငံခြားငွေဖြင့်ရောင်းချမည့် ၅၆ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ယခင်နှစ်တွေထက် ကျောက်မျက်အတွဲများ ပိုမိုရောင်းချနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးအောင်ကြီးထံ မှသိရသည်။ 

Pages