အစ္စရေးနိုင်ငံ၏လူဦးရေသည် ၂၀၁၈ ခုနှစ် ကုန်ဆုံးချိန်တွင် ၈ ဒသမ ၉၇ သန်းရှိခဲ့ပြီး ၂၀၁၇ ထက် နှစ်ရာခိုင်နှုန်းတိုးလာကြောင်း ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် ထပ်မံတွေ့ဆုံရန် အဆင်သင့် ဖြစ်ပါကြောင်းနှင့် သူ၏ နျူကလီးယားလက်နက် အပြီးတိုင် ကင်းစင်ပပျောက်ရေးကတိကဝတ်ကို ထိန်းသိမ်းလျက်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု ယနေ့သတင်းများအရ သိရသည်။

ကွန်ကရက် အသုံးစရိတ်များအပေါ် ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်းမရှိသဖြင့် ၂၀၁၈ခုနှစ်၏ နောက်ဆုံးနေ့အထိ အမေရိကန်အစိုးရ၏  အုပ်ချုပ်မှု တစ်စိတ်တစ်ပိုင်းကို ရပ်ထားရမည်ဖြစ်သည်။  

သတင်းစာဆရာ ဂျာမယ်ခါရှော့ဂီ၏ ရုပ်အလောင်းကို အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှ လူများ သယ်ဆောင်လာသည့် ရုပ်သံပြကွက်ကို တူရကီ ရုပ်သံဌာနတစ်ခုက ထုတ်လွင့်ပြသခဲ့သည်။

 သူလျှိုလုပ်မှု သံသယဖြင့်  မော်စကိုမြို့ရှိ အမေရိကန်နိုင်ငံသားတစ်ဦးကို ရုရှားလုံခြုံရေး အာဏာပိုင်များက  ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
နှစ်သစ်ကူးနေ့ လူစည်ကားရာ လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ လမ်းသွားလမ်းလာ ရှစ်ဦး ဒဏ်ရာရသဖြင့် အသက် ၂၁ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူကို  တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

လန်ဒန်အလယ်ပိုင်းတွင် ယမန်နေ့ညက နှစ်သစ်ကူးအကြိုရက် မီးရှူးမီးပန်း ပစ်လွှတ်ပွဲကို ကြည့်ရှုရန်  လူပေါင်းတစ်သိန်းကျော် မျှော်လင့်နေကြကြောင်း ပြည်တွင်းမီဒီယာ ဖော်ပြချက်များအရ သိရသည်။

မူးယစ်ဆေးဝါး မှောင်ခိုမှုဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည့် ကနေဒါ နိုင်ငံသားအမှုကို ပြန်လည်စစ်ဆေးရန် တရုတ်နိုင်ငံ အထက်တရားရုံးက အမိန့်ချလိုက်ကြောင်း သိရသည်။ တရားရုံးက အဆိုပါ ကနေဒါနိုင်ငံသား အမျိုးသားအပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ သက်ညှာလွန်းကြောင်း ပြောကြားခဲ့သည်။ 

အလယ်အလတ်အဆင့် နျူကလီးယားအင်အားစု သဘော တူညီစာချုပ် (INF) က ပိတ်ပင်တားမြစ်ထားသည့် အမေရိကန် ဒုံးကျည်များကို ဖြန့်ကြက်လာပါက ရုရှားအနေဖြင့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဘရော့က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း သိရသည်။ 

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂျာလစ် စကိုပြည်နယ် ဇာပိုပန်မြို့တွင် မကြာသေးမီက လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများအနက် အရွယ်မရောက်သေးသူ ကလေးငယ်တစ်ဦး ပါဝင်ကြောင်း မြို့ပြကာကွယ်ရေးဌာနက ပြောခဲ့သည်။ 

Pages