ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားပြည်နယ်ရှိ ကူချီနိုရာဘူကျွန်းတွင် ဒီဇင်ဘာ ၁၈ ရက်က မီးတောင် တစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောကြားသည်။

ပေါက်ကွဲလုနီးပါး အခြေအနေရောက်နေသည့် ယီမင်နိုင်ငံ ဟိုဒေဒါဆိပ်ကမ်းမြို့သည် ဒီဇင်ဘာ ၁၈ ရက်တွင် ငြိမ်သက်သွားပြီဖြစ်ကြောင်း၊ ပြင်းထန်သည့် တိုက်ခိုက်မှု များဖြစ်ပွားခဲ့ပြီးနောက်တွင် ကုလသမဂ္ဂက ကမကထ ပြုလုပ်ဆောင်ရွက်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသည် ဒီဇင်ဘာ ၁၇ ရက် ညသန်းခေါင်ယံတွင် စတင်ခဲ့ကြောင်း ယီမင်အစိုးရကိုလိုလားသည့် သတင်းရင်းမြစ်များနှင့်ဒေသခံများက ပြောကြားသည်။

ဂျပန်နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍ အစီအစဉ်သစ်တစ်ရပ်ကို ယနေ့လွှတ်တော်က အတည်ပြုခဲ့သည့်အတွက် နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍမြှင့်တင်ရန် လေယာဉ်တင်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ဂျပန်နိုင်ငံက ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း ယနေ့အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။ 

တရုတ်ကွန်မြူနစ်ပါတီရဲ့ သမိုင်းဝင်ပြုပြင်ရေး နှစ် ၄၀ ပြည့် အခမ်းအနားမှာ   တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ ဘယ်သူက ဘာလုပ်၊ ဘာမလုပ်နဲ့ဆိုပြီး အမိန့်ပေးလို့ မရကြောင်း ဒီကနေ့(အင်္ဂါနေ့) မှာ သတိပေးပြောကြားလိုက်ပါတယ်။ 

ယမန်နေ့က ဘရာဇီးနိုင်ငံရှိ Manguinhos ရေနံချက်စက်ရုံ မီးလောင်ကျွမ်းခဲ့ရာ အကြီးအကျယ် ပျက်စီးခဲ့သော်လည်း ဒဏ်ရာရသေဆုံးသူ မရှိခဲ့ပေ။

တရုတ်နှင့်ဂျပန်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်ပြင်ကို ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောက်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု လုပ်ဆောင်ရေးဆိုသည့် အများဆန္ဒနှင့်အညီ ပင်လယ်ရေကြောင်းနယ်ပယ်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီခဲ့သည်။

ဂျပန်အစိုးရအဖွဲ့က  အစိုးရ ရေတပ်သင်္ဘောကို လေယာဉ်တင်သင်္ဘော အဆင့်ရောက်သည်အထိ အဆင့်မြှင့်တင်ခြင်း ပါဝင်သည့် အစီအစဉ်ဖြစ်သော ကာကွယ်ရေး အဆိုပြုချက် အသစ်များကို အတည်ပြုထောက်ခံခဲ့သည်ဟု သိရသည်။

Pages