ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဒီအာရ်ကွန်ဂို)တွင် ကာလအတန်ကြာ ရွှေ့ဆိုင်းထားသည့် သမ္မတ ရွေးကောက်ပွဲပြန်လည် ကျင်းပခဲ့ကြောင်းနှင့် သမ္မတလောင်း ရွေးချယ်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မကြာသေးမီက မဲပေးခဲ့ကြောင်း သိရသည်။ 

အီရတ်တွင် အိုင်အက်စ် စစ်သွေးကြွများအား နှိမ်နင်းပြီးနောက် အီရန်စစ်ဘက်ဆိုင်ရာ အကြံပေးများအားလုံး အီရတ်နိုင်ငံမှ ထွက်ခွာလာပြီဖြစ်ကြောင်း အီရတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး အီရာ့ဂ်ျမာ့ဂျက်ဒီက ပြောကြားခဲ့သည်။

အာဖဂန်ပဋိပက္ခဟာ ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခကို ကျော်လွန်ကာ ကမ္ဘာ့သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအဖြစ် ယခုနှစ်မှာ စံချိန်တင်ခဲ့ တယ်လို့ လေ့လာ စစ်တမ်းကောက်သူများက ဆိုပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့အား ၂၀၁၉ ခုနှစ်အတွက် နှစ်သစ်သဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက လူအများအပြားကို အသက်ဆုံးရှုံးစေခဲ့သည့် ဆူနာမီ ဖြစ်ပေါ်စေခဲ့သော အနက်ခ်ကာရာကာတိုရာ မီးတောင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယခုအခါ အဆိုပါ မီးတောင်သည် မပေါက်ကွဲမီက အရွယ်အစား၏ သုံးပုံတစ်ပုံသာ ကျန်ရှိတော့ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒ အာဏာပိုင်များက ပြောကြားခဲ့သည်။ 

ကွန်ဂို ဒီမိုက၇က်တစ် သမ္မတနိုင်ငံ သမ္မတရွေးကောက်ပွဲအပြီး မဲရေတွက်မှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ၊ သို့သော်လည်း  ဗဟိုအာဖရိက နိုင်ငံရှိ မဲရုံများ၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် စက်ပစ္စည်းများ ရုတ်တရက်ချွတ်ယွင်း ခြင်းတို့ကြောင့် မဲပေးမှု အနှောင့်အယှက် ဖြစ်ခဲ့ကြောင်း သိရသည်။

အစိုးရရှေ့နေများ တောင်းဆိုချက်အရ နစ်ဆန်းမော်တာ ကုမ္ပဏီဥက္ကဌဟောင်း ကားလို့စ် ဂွန်းကို နောက်ထပ် ၁၀ ရက် ထိန်းသိမ်းထားရန်တိုကျိုခရိုင် တရားရုံးက ယနေ့ အတည်ပြုခဲ့ကြောင်း သိရသည်။ ကားလို့စ်ဂွန်းသည် ဇန်နဝါရီ ၁၁ ရက်နေ့ထိတိုင် ဆက်လက် ထိန်းသိမ်းခံရမည် ဖြစ်သည်။

တူနီးရှား အရှေ့တောင်ဘက် အက်ဖက်စ်ပြည်နယ် ကာကန်နက်ကျွန်း ကမး်လွန်ပင်လယ်ပြင်တွင် အာဖရိကလူမျိုးစု ရွှေ့ပြောင်းအလုပ်သမား ၄၅ ဦး ပါဝင်သော နစ်မြုပ်လှေတစ်စင်းကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တူနီးရှား ပြည်ထဲရေးဝန်ကြီး က စနေနေ့ညနေပိုင်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်လိုသည့် ၄င်း၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္ဂနွေနေ့က ကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာပါတီသည် စတုတ္ထသက်တမ်းအတွက် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။

Pages