အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးရှိ အစိုးရအဆောက်အအုံတစ်လုံးကို သေနတ်သမားများက တိုက်ခိုက်ခဲ့ကြောင်း၊ ၄င်းအဆောက်အအုံအား ာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးရှိ အစိုးရအဆောက်အအုံတစ်လုံးကို သေနတ်သမားများက တိုက်ခိုက်ခဲ့ကြောင်း၊ ၄င်းအဆောက်အအုံအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုနစ်နာရီကြာ ဝန်းရံတိုက်ခိုက်ပြီးနောက်တွင် လူပေါင်း ၄၃ ဦးခန့် သေဆုံးခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံကို တိုက်ခိုက်ရေးသမားများက ဒီဇင်ဘာ ၂၅ ရက်က စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ပစ်ခတ်မှုများနှင့်အတူ တစ်ကြိမ်ထက်မနည်းသော ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ရက်အနည်းငယ် အကြာတွင် သေဆုံးသွားခဲ့သော အမေရိကန် ကျောင်းသား အိုတိုဝမ်းဘီးယားနှင့် ပတ်သက်ပြီး အမေရိကန်တရားရုံးက မြောက်ကိုရီးယား နိုင်ငံအား ဒေါ်လာ ၅၀၁ သန်း လျော်ကြေးပေးရန် တောင်းခံသည့် အမိန့်တစ်ရပ်ချမှတ်ခဲ့ ကြောင်း ယနေ့ အေအက်ဖ်ပီသတင်းတစ်ရပ် အရ သိရသည်။

ဒေလီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေထု ညစ်ညမ်းမှုအဆင့် မြင့်မားခြင်းနှင့် မြူများထူထပ်သိပ်သည်းခြင်းတို့ကြောင့် လေကြောင်းခရီးစဉ် ၄၅ လိုင်း ယနေ့ နှောင့်နှေးကြန့်ကြာမှု ဖြစ်ပွားခဲ့ကြောင်း သတင်းဖော်ပြထားသည်။

လိုဂါပြည်နယ် အရှေ့ပိုင်း မိုဟာမက် အာဂဟာ ခရိုင်ရှိ တာလီဘန်တို့ ပုန်းအောင်းရာ နေရာကို လေကြောင်း တိုက်ခိုက်ပြီးနောက် ယမန်နေ့က စစ်သွေးကြွ ၈ ဦး သေဆုံးခဲ့ကြောင်းအတည်ပြုပြီး 

အစိုးရ၏ အငြင်းပွားဖွယ်ရာ ဥပဒေကြမ်းကိုပြင်ဆင်ရန် လုံလောက်သည့်ထောက်ခံမှု မရရှိသောကြောင့် ရွေးကောက်ပွဲများ စော၍ကျင်းပရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျားဗားနှင့် ဆူမာတြားကျွန်းတို့တွင် စနေနေ့က ဆူနာမီဖြစ်ပွားပြီးနောက် လူပေါင်း ၃၇၃ ဦး သေဆုံးခဲ့ပြီး ၁၄၅၉ဦး ဒဏ်ရာရရှိကာ ၁၂၈ဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားသည်။

ယေရှုခရစ် မွေးရပ်မြေအဖြစ် အမွန်အမြတ်ထားသည့် ပါလက်စတိုင်းနိုင်ငံ ဗက်လင်မြို့တော်တွင် ခရစ္စမတ်ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံအတွင်းကနေ အမေရိကန်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရာတွင် နီးကပ်စွာ ပူးတွဲဆောင်ရွက်နိုင်ရန် အန်ကာရာနှင့် ဝန်ရှင်တန်တို့အကြား သဘောတူညီမှု ရပြီးနောက် တူရကီတပ်ဖွဲ့တွေကို ဆီးရီးယား နယ်စပ်သို့ ပို့ဆောင်ခဲ့ကြောင်း တူရကီ ပြည်တွင်း  သတင်းမီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

Pages