မဲခေါင်မြစ်ကြောင်းတစ်လျှောက် မြန်မာ၊ ထိုင်း၊ လာအိုနှင့် တရုတ်တို့ ဦးဆောင်ပြီး (၇၇) ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုကို ယမန်နေ့က စတင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ကင်းလှည့်မှုကို ယူနန်ပြည်နယ် စစ်ဆောင်ပနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဂွမ်လီဆိပ်ကမ်းမှ စတင်မည်ဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် ကမ္ဘာတစ်ဝန်း အစိုးရအတော်များများဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ဥရောပနဲ့ အမေရိကန်မှာ ဒီပြဿနာဟာ ပိုပြီးထင်ထင်ရှားရှား ဖြစ်ပေါ်နေပါတယ်။ ရွှေ့ပြောင်း အခြေချနေထိုင်သူ ပြဿနာကြောင့် အစိုးရအဖွဲ့ ခေါင်းဆောင်တွေ နုတ်ထွက် သွားရတာ လည်းရှိပါတယ်။

အီးယူကနေ ဗြိတိန်ခွဲထွက်ရေးအတွက် လျော်ကြေးငွေ စတာလင်ပေါင် ၂ ဘီလီယံ (ယူရိုငွေ ၂.၅ ဘီလီယံ) မပေးဘဲ ဗြိတိသျှစစ်သား ၃၅၀ဝ ကို အသင့်အနေထား ချမယ်လို့ ဗြိတိန်အစိုးရက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။ 

အိုဆာကာ တရားရုံးက ၁၃ နှစ်အရွယ် မိန်းကလေး နှင့် ၁၂ နှစ်အရွယ် ယောကျာ်းလေးတို့ကို သတ်မှုဖြင့် အမျိုးသားတစ်ဦးကို သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

အီတလီနိုင်ငံ ဂျီနိုအာ မြို့တော်ဝန်က ပြီးခဲ့သည့်  သြဂုတ်လက တံတားတစ်စီး ပြိုကျခဲ့သည့်အတွက် လူများစွာ သေဆုံး ၊ ဒဏ်ရာရရှိခဲ့ရာ ယင်းတံတားနေရာတွင်  တံတားအသစ်တည်ဆောက်မည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

ထိုင်ဝမ်ကျွန်းအနီး တရုတ်တိုက်လေယာဉ်တစ်စင်း နောက်တစ်ကြိမ် မောင်းနှင်ခဲ့ကြောင်း  ထိုင်ဝမ် ကာကွယ် ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုကို ဦးတည်သွားကြသည့် ဗဟို အမေရိကန် ရွှေ့ပြောင်းနေထိုင်သူ ၇၂၀၀ ကျော် ပါရှိသည့် ယာဉ်တန်းများသည် ၎င်းတို့၏ နိုင်ငံဖြစ်သော ဟွန်ဒူးရပ်စ် သို့မိမိ သဘောအလျောက် ပြန်သွားကြပြီ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး သည် ယမန်နေ့က ပြောကြားခဲ့သည်။

အစိုးရ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆောင်ရွက်မှုအတွင်း သေဆုံးသူဦးရေမှာ ၅၀၀၀ ကျော်ရှိခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက  အာကာသအတွင်း စစ်ဆင်ရေးများ ထိန်းချုပ်ရန်အတွက် အဖွဲ့အစည်းသစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်က မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအတွက် ထင်သာမြင်သာသည့့်် လုပ်ဆောင်မှု မရှိသေးကြောင်း နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားသို့ ခိုင်ခိုင်မာမာ ဖိအားပေးခြင်း ဆက်လက် လုပ်ဆောင်သွားသင့်ကြောင်း ဆိုသည်။ သံအမတ် ကိုရို ဘက်ရှို က အင်္ဂါနေ့က ပြုလုပ်ခဲ့သော  ၂၀၁၈ ခုနှစ် နောက်ဆုံးပုံမှန် သတင်းစာရှင်းလင်းပွဲ တွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

Pages