ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၁ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခု ဆွေးနွေးခြင်းနှင့် အဆို ၁ ခုဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်အယ်ကျေးရွာ၊ လွယ်အယ် ဘုန်းတော်ကြီးကျောင်း၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေနှင့် ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်တို့က ဒီဇင်ဘာလ ၇ ရက်နေ့တွင် မဲဆန္ဒရှင် ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲ သော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် မြန်မာ့သတ္တုတွင်း နည်းဥပဒေများတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုလွှတ်တော်  D  ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

UNDP Township Democratic Local Governance Programme (TDLG) ၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှအမျိုးသမီးရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၁၀၁) ဦးနှင့် UNDP TDLG အဖွဲ့မှ(၈)  ဦးစုစုပေါင်း (၁၀၉) ဦးတို့သည် အမျိုးသားလွှတ်တော်သို့ ဒီဇင်ဘာ ၆ ရက်တွင် လာရောက်လေ့လာကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ် Mr. Per Kristian Foss ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့်  လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ကို ယနေ့ ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် အမှတ် (အိုင် ၂၀) ကော်မတီ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။ 

“ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား’’ ငြိမ်းချမ်းရေးခရီးစဉ်ရေယာဉ်ကြီးသည် ဇလွန်မြို့ ကမ်းနားရပ်ကွက် ကျည်းပင်ဆိပ် ဆိပ်ကမ်းသို့ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခုနှင့် အဆို ၁ ခုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

Pages