မော်လိုက်မြို့နယ်အတွင်းရှိ ကျေးရွာများ မီးရရှိရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အခမဲ့ထောက်ပံ့ပေးသည့် တစ်အိမ်သုံး ဆိုလာများ ပေးအပ်ပွဲကို  ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက နန်းဖြူကျေးရွာ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး နှင့် ပြည်ဒေသရှိ သမိုင်းဝင်ဆုတောင်းပြည့်ဘုရားများ၌ နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ဒေသခံပြည်သူများ နှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား လျှက်ရှိကြောင်း သိရသည်။ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးကာလတွင် နံနက် ၂ နာရီအချိန်ထိ တိုးမြှင့်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်သည် မြန်မာပြည်အလယ်ပိုင်း၊ မိုးခေါင်ရပ်ဝန်း ဒေသတွင်ပါဝင်ပြီး သောက်သုံးရန်အတွက်  (ရေချို) အင်မတန်ခက်ခဲသော၊ လွန်စွာရှားပါးသော ဒေသဖြစ်သလို ရွှေကိုသာမလို ရေချိုကိုသာလို ဟူသောဆောင်ပုဒ်နှင့် ကိုက်ညီသောဒေသဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ရှိ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားများကို ကုသပေးသော မြေအောက်ဆေးရုံ တူးဖော်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရသို့ တင်ပြပြီး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွက် ရုံးပိတ်ရက်ရှည်ဖြစ်ခြင်းကြောင့် ပုပ္ပားတောင်ကလပ်သို့ ဘုရားဖူးလာရောက်သည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်မှု များပြားလျက်ရှိကာ ယာဉ်ကြောများ ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့ရုံးမှ ဦးဝင်းလှိုင်က ပြောသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မအူပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသောမအူပင်ခရိုင် ကလေးစာပေပွဲ ဒုတိယနေ့တွင် လာရောက်သူများ အထူးစည်ကားများပြားခဲ့ကြောင်း သိရသည်။

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေစာရင်းထိန်းသိမ်းမှုသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်က ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မကွေးတိုင်းဒေသကြီးအတွင်း၌ လယ်ယာမြေဆိုင်ရာ ဒစ်ဂျစ်တယ်မြေပုံရရှိရေး ကွင်းတိုင်းတာမှု လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

Pages