ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်မောင်းသူတိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိ နားလည်ပြီး ယာဉ်မောင်းလိုင်စင်ရှိရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ..........

မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ပူးပေါင်းအဖွဲ့ Mobile Team ဖြင့် လှည့်လည်ကာ ဖမ်းဆီးအရေးယူမှုများကို ယနေ့ စတင်ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ရက်ကန်း)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါဦးစီးဌာန၏ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ပန်းချီ၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ချင်းပြည်နယ် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ပြုလုပ်သည်။

(၁)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး (၂၄)ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကိုလည်း ပူးတွဲရောင်းချ သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) မှ ကြီးမှူး၍ သတ္တမ အကြိမ် အိမ်မွေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်မှ ၆ ရက်အထိ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ မနော်ရမ္မံကွင်းတွင် ကျင်းပမည်။

ဆေးတက္ကသိုလ် (မန္တလေး)  ၁၉၇၆-၁၉၈၂ ပညာသင်နှစ် သင်တန်းသား သင်တန်းသူများ၏ မြတ်ဆရာပူဇော်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဆေးတက္ကသိုလ် အောင်ပင်လယ်ခန်းမတွင် ကျင်းပသည်။ 

မန္တလေးမြို့မှ ပန်းချီဆရာဆရာမ ၁၀ ဦး စုပေါင်းပြသသည့် New Year New Men Group Show အမည်ရှိ ပန်းချီပြပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင် ခြင်္သေကြီးနှစ်ကောင်အနီးရှိ မန္တလေးတောင် ပန်းချီပြခန်းတွင် ကျင်းပခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူး ကျင်းပသည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးပြပွဲ၊ ပြိုင်ပွဲကို မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

Pages