ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုလင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားရှိသော ပလင်းကမ်းသာယာ ဆင်စခန်းသို့ နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း လာရောက်လေ့လာသူ၊ ဆင်ချစ်သူများနှင့် စည်ကားနေကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ ကော့သောင်း ဘိုးဘွားရိပ်သာ၌ မသန်စွမ်းဘိုးဘွားများ အပါအဝင် ဘိုးဘွားများအတွက် အလှူငွေကျပ် ၃၁၀၀၀၀ နှင့် ခြုံစောင်များ၊ အသက် (၁၀၄)နှစ်ရှိ အဖွားအတွက် သီးခြားထောက်ပံ့မှုများ ဆောင်ရွက်သည်။ 

နှစ်သစ်ကူးရုံး ပိတ်ရက်ရှည်ကာလများတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများဖြစ်သည့် သီဟိုဠ်ရှင်ဘုရား၊ ရွှေကူဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောဘုရားတို့တွင် ပြည်တွင်းဘုရားဖူးသူ များပြားလျက်ရှိကြောင်း သိရသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) (၅၄)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့နှင့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန့်စင်မောင်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားဘူတာ၌ မြန်မာ့မီးရထားမှ အရာထမ်း/ အမှုထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့် နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဝက်ချောင်းအုပ်စု၊ ဝက်ချောင်း အခြေခံပညာ အထက်တန်းကျောင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်  ကျောင်းသား/ကျောင်းသူ ၃၂ ဦးအား လာရောက် တွေ့ဆုံ၍ အောင်ချက်မြင့်မားရေး တွေ့ဆုံအားပေးခဲ့ကြသည်။

နိုင်ငံတော်အစိုးရသည် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ၏ ဘဝ ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ဌာနအလိုက် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့ အောင်ဆန်းခန်းမရှေ့ မြက်ခင်းပြင်တွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ် တည်ဆောက်သွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁ ရက် နံနက်ပိုင်း၌ မင်္ဂလာပန္နက်ရိုက်ပေးခဲ့ကြောင်း သိရသည်။

Pages