ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ခုနှစ်ဦးကို ထိုင်းနိုင်ငံ တာဝန်ရှိသူများက မြန်မာနိုင်ငံဘက်သို့ ဇန်နဝါရီ ၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းရှိ ပန်တန်၊ ဖာလံ၊ ဝမ်ယိမ်း ကျေးရွာတို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး လုပ်ငန်းအတွက် ဓာတ်မြေသြဇာနှင့် ပဲပုတ်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာနေ တောင်သူ ဒေါ် မြင့်မြင့်သိန်း၏ ပဲတီစိမ်းစိုက်ခင်းဧက ၂၀ ရှိ ပဲပင်များ၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီတွင် ဥကပ်ပါးနဂျီကတ် ၈၀၀ သွားရောက် ချိတ်ဆွဲပေးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ အုန်းခြံရပ်ကွက်ရှိ ရတနာ အလင်းရောင် ပရဟိတ မိဘမဲ့ကျောင်းဝန်းအတွင်း၌ ယနေ့ နံနက် ၉ နာရီက အနော်ရထာ နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

“ခေါ်နူးစုမ်တောင် အမှိုက်ကင်းစင်ရေးအတွက် အကျိုးဆက်စပ်သူများစုပေါင်း သန့်ရှင်းရေးလှုပ်ရှားမှု အစီအစဉ်”  ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က  ခေါ်နူးစုမ်တောင်၏ ၁၀မိုင် ၄ ဖာလုံ တောင်ခြေမှ စ၍ တောင်ထိပ်သို့ သွားရာလမ်းတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဈေးနှင့် သားသတ်ဌာန၊ သန့်ရှင်းရေးဌာနတို့မှ တာဝန်ရှိသူများသည် ----------

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓာတ်ပုံပြပွဲနှင့် အဆင့်မြင့် အားကစားကွင်း အားကစားရုံဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Pages